စစ်ကောင်စီတပ်ဖွဲ့တွင် တရုတ်ဒရုန်းပညာရှင်များ ပါဝင်နေကြောင်း KNU တပ်မဟာ ၄ ပြော

စစ်ကောင်စီတပ်ဖွဲ့တွင် တရုတ်ဒရုန်းပညာရှင်များ ပါဝင်နေကြောင်း KNU တပ်မဟာ ၄ ပြော
ဓါတ်ပုံ - Crd (ပုံဟောင်း)
ဓါတ်ပုံ - Crd (ပုံဟောင်း)

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ တွင် တရုတ်ဒရုန်းပညာရှင်များ စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်နေသည်ဟု KNU တပ်မဟာ ၄ က ပြောသည်။

မတ်လ ၉ ရက်နေ့က တရုတ်ဒရုန်း ပညာရှင်များသည် ခမရ ၅၇၁ သို့ ရောက်ရှိလာပြီးနောက် စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်ဟု KNU တပ်မဟာ ၄ မြိတ်-ထားဝယ် ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

၎င်း “မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ မောတောင်လမ်း တနင်္သာရီမြို့နယ်ပေါ့နော်။ ကျနော်တို့ရဲ့ မြို့နယ်တပ်ရင်း တပ်ဖွဲ့တွေရဲ့ ဖော်ပြချက်အရ ထောက်လှမ်းရေးသတင်းတွေအရ သူတို့ ၅ ယောက် ရောက်လာတယ်ပေါ့နော်။ ၉ ရက်နေ့က ဒီဟာတွေကို အတိအကျ အတည်ပြုလို့မရပေမယ့် ကျနော်တို့ သုံးသပ်တာက စစ်တပ်ဟာ ဒရုန်း အသုံးပြုမှုများတယ်။ ပြီးတော့ ကင်းထောက်ဒရုန်းတွေ အသုံးပြုတာများတယ်။ ပြီးတော့ သူတို့ အမြဲတမ်း (ဗုံး) ကြဲချတယ်” ဟု ပြောသည်။

တရုတ်ဒရုန်းပညာရှင်များ မရောက်မီနှင့် ရောက်လာပြီးနောက် အခြေအနေကို ပဒိုစောအယ်နာက ယခုကဲ့သို့ ဆက်ပြောသည်။

ပဒိုစောအယ်နာက “အဲဒါကြောင့် ကျနော်တို့ အရင်ကနဲ့ အခုကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်ရဲ့ ဒရုန်း အသုံးပြုမှုဟာ များလာတယ်။ ပြီးတော့ သူတို့ နည်းပညာတွေ ကောင်းလာတာ တွေ့လာရတယ်။ ပြီးတော့ ကျနော်တို့ ထောက်လှမ်းရေးတွေရဲ့ သတင်းတွေအရကတော့ တရုတ်ဟာ စစ်ကောင်စီကို အဓိက ကင်းထောက်ဖို့အတွက် ပါဝင်ကူညီနေတယ်ပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီတပ်က KNU တပ်မဟာ ၄ ရှိ တော်လှန်ရေး တပ်ဖွဲ့များကို ဒရုန်းအသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့်အပေါ် ပဒိုစောအယ်နာက ယခုကဲ့သို့ သုံးသပ်သည်။

“နယ်မြေစိုးမိုးဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ဖြစ်တယ်။ မောတောင်လမ်း မောတောင်နယ်စပ်ဟာ ထိုင်းနယ်စပ်ကနေ မြိတ်အထိ ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့အတွက် သူတို့ရည်ရွယ်ချက်က အဲဒါပဲ”

KNU တပ်မဟာ ၄ တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီသည် ဒရုန်းအသုံးပြုမှု ပိုမိုများလာသည်သာမက လေကြောင်းတိုက်ခိုက်မှုများကိုလည်း နေ့စဉ်လုပ်ဆောင်နေသည်ဟု KNU တပ်မဟာ ၄ က ဆိုသည်။

လက်ရှိတွင် တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေပြီး ဧပြီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU တပ်မဟာ ၄ က ပြောသည်။

စစ်ကောင်စီသည် ငလျင်ဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ရန်နှင့် တည်ငြိမ်အေးချမ်းရေးကို ရှေ့ရှူးပြီး ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ယာယီ အပစ်ရပ်မည်ဟု ထုတ်ပြန်ထားသည်။

ယာယီ အပစ်ရပ်မည်ဟု ထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကို စစ်ကောင်စီက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေ့တိုင်း လုပ်ဆောင်နေပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...