ကျောက်ဖြူတွင် ရေလုပ်သား ၉ ဦးကို စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်

ကျောက်ဖြူတွင် ရေလုပ်သား ၉ ဦးကို စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စားဝတ်နေရေးအတွက် ငါးဖမ်းထွက်သည့် ရေလုပ်သား ၉ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးပြီး အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီထံ ဖမ်းဆီးအမှုဖွင့်ခံထားရသူများမှာ ကျောက်ဖြူမြို့နယ်၊ ချင်းမင်းပြင်ရွာမှ ရေလုပ်သားများဖြစ်သော မောင်ကျော်လင်းအောင် (၁၇) နှစ်နှင့် ကိုဇင်မင်းဌေး (၁၉) နှစ်၊ ကင်းပင်လယ်နားရွာမှ ရေလုပ်သားများဖြစ်သော မောင်ဒိုးလက် (၁၇) နှစ်၊ ဦးကျော်သူထွန်း (၃၈) နှစ်၊ ဦးဘူးသီးတောင် (၅၀) နှစ်၊ ဦးဌေးဌေး (၅၀) နှစ်၊ ဦးအောင်သိန်း (၅၀) နှစ်၊ ဦးဘခက် (၃၃) နှစ်နှင့် ဦးညီဒုတ်တို့ဖြစ်ကြောင်း သိရသည်။

သူတို့ကို ငါးဖမ်းစက်လှေတစ်စီးနှင့်အတူ မတ်လ ၂၂ ရက်၊ ည ၉ နာရီတွင် ကျောက်ဖြူပင်လယ်ပြင်ရှိ စစ်ကောင်စီနေဗီတစ်စီးက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

"ရေလုပ်သားတွေက ပင်လယ်မှာ စက်လှေနှစ်စီးနဲ့ ငါးဖမ်းနေတာ။ တစ်စီးပဲပြန်ရောက်ပြီး ကျန်တစ်စီးက ပင်လယ်ထဲမှာ နေဗီက ဖမ်းဆီးခေါ်သွားတယ်။ အားလုံး ရေလုပ်သား ၉ ယောက် ဖမ်းခံရတာ" ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ရေလုပ်သားများကို စစ်ကောင်စီရေတပ်က မတ်လ ၂၅ ရက်တွင် ကျောက်ဖြူမြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ရေပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ထားကြောင်း သူက ပြောသည်။

"အခု အဲဒီရေလုပ်သားတွေ ကျောက်ဖြူမြို့မရဲစခန်းမှာ ပင်လယ်ပြင်ကျူးကျော်မှုနဲ့ အမှုဖွင့်ခံထားရတယ်" ဟု ပြောသည်။

ရခိုင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက စစ်ကောင်စီက ရခိုင်ဒေသခံရေလုပ်သားများကို ငါးဖမ်းခွင့်တားမြစ်ထားကာ မတရား ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

ရခိုင်ပင်လယ်ပြင်တွင် ဒေသခံရေလုပ်သားများအား ငါးဖမ်းခွင့်တားမြစ်ပြီး မတရားဖမ်းဆီးမှုများပြုလုပ်သည့် စစ်ကောင်စီ၏လုပ်ရပ်မှာ ရခိုင်ဒေသခံများကို အငတ်ဘေးကျရောက်အောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးသမားများက ပြောဆိုကြသည်။

အခြားတစ်ဘက်တွင်မူ စစ်ကောင်စီနှင့် အစေးကပ်အလွမ်းသင့်သည့် ပြည်မမှ ငါးဖမ်းလုပ်ငန်းကြီးများကို ရခိုင်ပင်လယ်ပြင်တွင် နေဗီများဖြင့် အကာကွယ်ပေးကာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...
ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...