"KIA အဖွဲ့က အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးဖို့တောင်းဆို" ဆိုတဲ့ သတင်းအမှား

"KIA အဖွဲ့က အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးဖို့တောင်းဆို" ဆိုတဲ့ သတင်းအမှား

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ အထိနာနေတဲ့ KIA အဖွဲ့က အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးဖို့ တောင်းဆိုတယ်ဆိုတဲ့ သတင်းအမှားကို စစ်ကောင်စီ လော်ဘီချန်နယ်လ်တစ်ခုဖြစ်တဲ့ Kyaw Swar တယ်လီဂရမ်ချန်နယ်လ်ကနေ မတ် ၂၅ ရက် ညနေပိုင်းက စတင်ဖြန့်ဝေလာပါတယ်။

(မူရင်းအရေးအသား)

“ဗန်းမော်မှာ မျိုးပြုတ်နေတဲ့ KIA အဖွဲ့က တပ်မတော်နှင့် ဆွေးနွေးဖို့ တောင်းဆို၊ KIA အင်အားထပ်စုဖို့ အချိန်ဆွဲပြီ၊” ဆိုပြီးတော့ ရေးသားဖြန့်ဝေနေတာလည်း ဖြစ်ပါတယ်။

အဲဒီသတင်းအမှားကို Kyaw Swar တယ်လီဂရန်ချန်နယ်လ်မှာ မတ်လ ၂၇ ရက် မနက်ပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၆,၆၅၃ ကျော်နဲ့ တဆင့်ပြန်လည်မျှဝေသူ ၂၂ ယောက်၊ မှတ်ချက်ဝင်ရောက်ရေးသားသူ ၁၁၆ ယောက်ထိ ရှိနေပြီဖြစ်ပါတယ်။

ဒီအကြောင်းရာနဲ့ပတ်သက်ပြီး မြစ်ကြီးနားသတင်းဂျာနယ်က စစ်ဆေးလိုက်တဲ့အခါမှာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရပါတယ်။

(သတင်းအမှားဖြစ်ကြောင်း စစ်ဆေးချက်)

ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ဗန်းမော်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တာကိုတော့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံတာလည်းမရှိသလို အစည်းဝေးပြုလုပ်တာတွေလည်း မရှိဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို မတ်လ ၂၅ ရက်နေ့က အတည်ပြုပြောကြားထားပါတယ်။

ဒီသတင်းအပြည့်အစုံကို

(https://www.facebook.com/photo?fbid=681338531239810&set=a.266001999440134)

ဒီလင့်ခ်မှာလည်း ဖတ်ရှုနိုင်ပါတယ်။

အခုချိန်မှာလည်း ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့မှာ KIA နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေဆဲလည်း ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့တွေ့ဆုံတာ ဆွေးနွေးတာ မရှိသလို တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ KIO ပြောကြားထားတဲ့ သတင်းကိုလည်း လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ DVB TV News မှာလည်း မတ်လ ၂၅ ရက်နေ့က သတင်းဖော်ပြထားပါတယ်။

အဲဒီသတင်းအပြည့်အစုံကိုလည်း

(https://www.facebook.com/share/v/18Xx1D6qgR/?mibextid=oFDknk)

ဒီလင့်ခ်မှာ သွားရောက်ဖတ်ရူနိုင်ပါတယ်။

မတ်လ (၂၆) ရက်နေ့ထိတော့ ကချင်ပြည်နယ်မှာ စစ်ရေးအခြေအနေတွေ တင်းမာနေဆဲဖြစ်ပြီးတော့ KIA အဖွဲ့က အာဏာသိမ်းစစ်ကောင်စီကို ဆွေးနွေးဖို့ တောင်းဆိုတယ်ဆိုတဲ့ သတင်းကိုတော့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ ဒေသတွင်းအခြေစိုက် သတင်းဌာနတွေမှာတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

(သုံးသပ်ချက်)

ကချင်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) တို့ စစ်ရေးအခြေအနေ တင်းမာနေတာကတော့ မှန်ကန်ပါတယ်။

Kyaw Swar တယ်လီဂရန်ချန်နယ်လ်က ဖြန့်ဝေထားတဲ့ “ဗန်းမော်မှာ မျိုးပြုတ်နေတဲ့ KIA အဖွဲ့က တပ်မတော်နှင့် ဆွေးနွေးဖို့ တောင်းဆို၊ KIA အင်အားထပ်စုဖို့ အချိန်ဆွဲပြီ” ဆိုတာကတော့ ဝါဒဖြန့် သတင်းအမှား အကြောင်းအရာသာ ဖြစ်ပါတယ်။

(အကြံပြုချက်)

ဒါကြောင့်ပြည်သူတွေအနေနဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်က သတင်းအချက်အလက်တွေကို အလွယ်တကူ တဆင့်ပြန်လည်မျှဝေတာတွေ မလုပ်ဆောင်ဘဲ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့ ဒေသတွင်းသတင်းဌာနတွေက သတင်းတွေကိုသာ သွားရောက်ဖတ်ရှု မျှဝေကြဖို့ တိုက်တွန်းလိုပါတယ်။

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...