စလင်း ကျပင်းမြောက်ရွာမှာ ဒေသခံ ၄ ဦးကို စစ်ကောင်စီ သတ်ဖြတ်

စလင်း ကျပင်းမြောက်ရွာမှာ ဒေသခံ ၄ ဦးကို စစ်ကောင်စီ သတ်ဖြတ်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျပင်းအုပ်စု ကျပင်းမြောက်ရွာက ဒေသခံ ၄ ဦးကို စစ်ကောင်စီ သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၀ ရက်က စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်ခဲ့ပြီး စစ်ကြောင်း ပြန်ထွက်သွားချိန်မှာ သေဆုံးသူတွေရဲ့ အလောင်းတွေကိုတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

"စစ်ကြောင်းက ခုနစ်ယောက်ကို ဖမ်းတာ။ နှစ်ယောက် လွှတ်ပေးပြီး တစ်ယောက်က ပြေးလာတာ။ ကျန်တဲ့ လူလေးယောက်ကို ရက်ရက်စက်စက် ခုတ်ဖြတ်သတ်သွားတာ။" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ကျပင်းမြောက်ရွာသား ၄ ဦးဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် ကိုသက်‌နောင်ထွန်း၊ လေဖြတ်နေတဲ့ အသက် ၅၀ အရွယ် ဦးမင်းခိုင်၊ အသက် ၅၀ အရွယ် ဦးအောင်ဆန်းမြင့်နဲ့ အသက် ၆၀ အရွယ် ဦးဝင်းဗိုလ်တို့ဖြစ်တယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကို ကျပင်းရွာ အ.ထ.က ကျောင်းရဲ့အရှေ့တောင်ထောင့် အိမ်သာကျင်းအဟောင်းထဲမှာ သစ်တိုသစ်စတွေ ဖုံးအုပ်ထားခဲ့တယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံရသူတွေရဲ့အလောင်းတွေဟာ လက်ပြန်ကြိုးတုပ်လျက် အနေအထားဖြစ်နေတဲ့အပြင် အသားနဲ့လည်ပင်းကို လှီးဖြတ်ထားတာတွေလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက စာသင်ကျောင်းမှာရှိတဲ့ အခန်းတခုထဲမှာ ကျင်စက်တွေတပ်ဆင်ထားတာကို တွေ့ရှိရတဲ့အတွက် သတ်ဖြတ်မှုမပြုလုပ်ခင် ရက်ရက်စက်စက် နှိပ်စက်သွားတယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...