ဘုတ်ပြင်းတွင် ဗုံးကြဲ၊ အရပ်သား သားအဖ ဒဏ်ရာရ

ဘုတ်ပြင်းတွင် ဗုံးကြဲ၊ အရပ်သား သားအဖ ဒဏ်ရာရ

စစ်ကောင်စီက ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် မတ်လ ၁၀ ရက် ညနေ ၃ နာရီခွဲဝန်းကျင် အချိန်ခန့်တွင် မနိုးရုံးကျေးရွာအုပ်စုရှိ ခဲချောင်းကျေးရွာတွင်  ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ ကျန်းမာရေးဆေးပေးခန်း အနောက်ဘက်တွင် ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ရုတ်တရက် ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်ကြီး ဗုံးလာကြဲတာ၊ ရွာသားတွေ အကုန်လုံး ကြောက်လန့်ပြီး ဟိုပြေးပုန်း ဒီပြေးပုန်းနဲ့ ယောက်ယက်ထကုန်တယ်။ ဗုံးနှစ်လုံး ကြဲချပြီးတဲ့အပြင် သေနတ်သံတွေပါ ကြားနေရသေးတယ်” ဟု ပြောသည်။

ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ဆေးပေးခန်းအနီးရှိ နေအိမ်တွင်ရှိနေသည့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်၏ ပေါင်နှစ်ဖက်တွင် ကျည်စ ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်မှ ဗုံးကြဲချ တိုက်ခိုက်ခဲ့သည့် မနိုးရုံးကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသည်မှာ လနှင့်ချီ၍ ကြာမြင့်ခဲ့ပြီဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစ၍ မနိုးရုံးကျေးရွာရှိရာ မြိတ် - ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ရေးတင်းမာပြီး တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်သန်းသွားလာခွင့် မကြာခဏဆိုသလို ပိတ်ခဲ့ဖူးသည်။

wikipedia (စစ်တွေမြို့ ဗျူးပွိုင့် )
June 15, 2026
ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့နှင့် လေးမိုင်ခန့်သာ ကွာဝေးသော မင်းဘူး-အမ်း-စစ်တွေ...
June 13, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ အနောက်တောင်ဘက်အစွန်ဆုံးရှိ မိုင်းတုံမြို့နယ်တွင် စစ်တပ်၊ တရုတ်နှင့်...
June 12, 2026
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်ရန် ရက်ပိုင်းမျှသာ လိုအပ်တော့သည့် အချိန်တွင်...
June 11, 2026
စစ်တပ်က ကမ်းလှမ်းလာသည့် အားလုံးပါဝင်မှုမရှိဘဲ တော်လှန်ရေးအဖွဲ့အစည်းများကို တစ်ဖွဲ့ချင်းစီ...