တောင်သာတွင် စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ဦးအပါအဝင် ၆ ဦး သေဆုံး

တောင်သာတွင် စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ဦးအပါအဝင် ၆ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ် အနောက်ခြမ်းရှိ နတ်စောင့်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (မတ်လ ၄ ရက်) ည ၁၀ နာရီခွဲခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၃၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဂျက်တိုက်လေယာဉ်သံကြားပြီဆိုတာနဲ့ အိမ်ထဲကနေ ထွက်ပြေးတဲ့သူက ပြေးကြတယ်၊ ဗုံးခိုကျင်းရှိတဲ့သူတွေက ကျင်းထဲဝင်ပုန်းကြတယ်။ ရွာပေါ်ကို ခုနစ်ပတ်လောက်ပတ်ပြီး ဗုံးတွေကြဲသွားတာ” ဟု ဒေသခံ အမျိုးသမီးတဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသမီး ၃ ဦး၊ အမျိုးသားတဦးနှင့် ကလေးငယ် ၂ ဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးရှိကြောင်း သိရသည်။

“ဗုံးမကြဲသေးဘူး လေယာဉ်အသံနဲ့ကို ကြောက်လန့်ပြီး နှလုံးရောဂါအခံရှိသူတွေ သေနိုင်တယ်။ ကျမတို့က ရွာအစပ်ဆိုတော့ ရွာအပြင် ချောင်းကမ်းပါးရံတွေဆီ အကုန်ထွက်ပြေးရတယ်။ တညလုံး လျှိုတွေကြားထဲ မြွေမကြောက်ကင်းမကြောက် နေခဲ့ရတယ်” ဟု နတ်စောင့်ရွာခံ အမျိုးသမီးတဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် တောင်သာမြို့နယ် နတ်စောင့်ကျေးရွာတဝိုက်၌ စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်တစီး ပျံဝဲနေခြင်းကြောင့် နတ်စောင့်၊ အင်းတဲ၊ ပုဒါတ်စာကုန်း၊ ထန်းကျင်း၊ ထန်းပင်ခြံ စသည့် ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း သိရသည်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...