ပုသိမ်တွင် လူငယ် ၁၃ ဦးခန့် ပေါ်တာဆွဲခံရ

ပုသိမ်တွင် လူငယ် ၁၃ ဦးခန့် ပေါ်တာဆွဲခံရ

ပုံအညွှန်း – ပုသိမ်မြို့ ကမ်းနားလမ်းကို ယနေ့ (မတ်လ ၃ ရက်) နံနက်ပိုင်းက တွေ့ရစဥ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ကမ်းနားလမ်းပေါ်ရှိ လူငယ်များ စုဝေးထိုင်တတ်သည့်နေရာတွင် မတ်လ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်က လူငယ် ၁၃ ဦးခန့် ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရကြောင်း ပုသိမ်မြို့ခံ ၄ ဦးက မဇ္ဈိမကို အတည်ပြုပြောသည်။

“အစက ကျွန်တော်လည်းမယုံပါဘူး၊ မျက်မြင်ကိုယ်တွေ့မှပဲ ယုံတော့တယ်။ ယောကျာ်းလေးတွေပဲ ခေါ်သွားတာ၊ စစ်သားနဲ့ရဲ ညှပ်ခေါ်သွားတာ” ဟု မျက်မြင်တွေ့ရှိခဲ့သူ ပုသိမ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ယခင်က ပုသိမ်မြို့ ကမ်းနားလမ်းတလျှောက် ဝိုင်းဖွဲ့ထိုင်နေသူများ၊ လမ်းလျှောက်သူများဖြင့် စည်ကားနေခဲ့ပြီး ယခုအခါ လူငယ်များအနေဖြင့် စိုးရိမ်စိတ်ဖြင့် သွားလာနေရကြောင်း ဒေသခံများကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ပုသိမ်ထီးရှိသည့် ကမ်းနားတွင် ထိုင်နေသည့် လူငယ် ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ပုသိမ်မြို့ခံ နောက်တဦးကလည်း ပြောသည်။

“ဟိုဘက်ကမ်းက ကလေးတွေပါသွားတယ်၊ ဘယ်ပါသွားမှန်းအခုထိ အဆက်သွယ်မရကြဘူး” ဟု ၎င်းမြို့ခံက ပြောသည်။

လူမှုကွန်ယက်များနှင့် သတင်းဌာနများတွင် မကြာခဏ လူငယ်များ ပျောက်ဆုံးကြောင်းနှင့် ပေါ်တာဆွဲခံရသည့် ပို့စ်များ မြင်တွေ့ရပြီး စစ်ကောင်စီဘက်မှ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း ပေါ်တာဆွဲခြင်းများ မပြုလုပ်ခဲ့ကြောင်းနှင့် သတင်းမှားများသာဖြစ်ကြောင်း ငြင်းဆိုထားသည်။

ဧရာဝတီတိုင်းအတွင်း မြို့နယ်များတွင် စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဥ် (၁၁) အတွက် စစ်မှုထမ်းများကို ခေါ်နေပြီး လူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကစတင်ပြီး ပုသိမ်မြို့နယ်တွင် အာရက္ခတပ်တော် (AA) ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိနေသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...