စစ်ကောင်စီ မီးလောင်ဗုံးကြောင့် မိုးဗြဲမြို့က နေအိမ်တချို့ မီးလောင်ပျက်စီး

စစ်ကောင်စီ မီးလောင်ဗုံးကြောင့် မိုးဗြဲမြို့က နေအိမ်တချို့ မီးလောင်ပျက်စီး
မီးလောင်သွားတဲ့အိမ်ကို ငြိမ်းဖို့ကြိုးစားနေတဲ့ ဒေသခံတစ်ဦးကို ဖေဖော်၀ါရီလ ၅ ရက်နေ့ ညမှာ တွေ့ရစဥ်။ (ဓါတ်ပုံ - ဒေသခံ)
မီးလောင်သွားတဲ့အိမ်ကို ငြိမ်းဖို့ကြိုးစားနေတဲ့ ဒေသခံတစ်ဦးကို ဖေဖော်၀ါရီလ ၅ ရက်နေ့ ညမှာ တွေ့ရစဥ်။ (ဓါတ်ပုံ - ဒေသခံ)

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့မှာ ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က စစ်ကောင်စီက ကင်းထောက်ယာဥ်နဲ့ မီးလောင်ဗုံးကြဲတာကြောင့် မြို့ထဲက သစ်ယာကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်တချို့ မီးလောင်ပျက်စီးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ယမန်နေ့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

“မိုးဗြဲမြို့မှာ ၅ ရက်နေ့မှာ တိုက်ပွဲအတော်လေးပြင်းထန်ခဲ့တယ်ပေါ့။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အများအပြားလုပ်ခဲ့တယ်။ ထောက်ပို့ Y 12 လေယာဥ်နဲ့ ဗုံးကြဲချတာတွေ မီးလောင်ဗုံးသုံးတာတွေ ပြုလုပ်ခဲ့တယ်” လို့ တာအယ်စိုးက ပြောပါတယ်။

၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တစ်လေးလုံး စစ်ဆင်‌ရေးကြောင့် မိုးဗြဲဒေသခံတွေဟာ ဘေးလွတ်ရာကို ပြောင်းရွေ့နေထိုင်ခဲ့တာကြောင့် နေအိမ်မီးလောင်ပျက်စီးမှုရှိခဲ့တဲ့ သစ်ယာကုန်းရပ်ကွက်မှာ လူနေထိုင်မှုမရှိဘူးလို့ ပြောပါတယ်။

တစ်ရက်ထဲမှာပဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မိုးဗြဲမြို့နဲ့ ၂ မိုင်ဝန်းကျင်ဝေးတဲ့ ကုန်းဆုံကျေးရွာကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အထိခိုက်တော့ မရှိဘူးလို့ မြိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ည ၇ နာရီဝန်းကျင်လည်း လေယာဥ်နဲ့ လာကြဲတယ်။ ကုန်းဆုံရွာနားဖက်လည်း ကြဲတယ်လို့ပြောတယ်။ မနေ့ကတော့ တိုက်ပွဲတစ်နေကုန်။ ဒီရက်တော့ သိပ်မကြားတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တစ်နှစ်ကျော်ကြာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီရဲ့ ခမရ (၄၂၂) တပ်ကနေ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေတာ ၃ လဝန်းကျင်ရှိနေပါပြီ။

ယမန်နေ့ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...