ဖားဆောင်းမြို့နယ် အနောက်ဖက်ခြမ်းက စစ်ရှောင်တွေ ငှက်ဖျားအဖြစ်များနေပြီး ဆေးဝါးတွေလိုအပ်နေ

ဖားဆောင်းမြို့နယ် အနောက်ဖက်ခြမ်းက စစ်ရှောင်တွေ ငှက်ဖျားအဖြစ်များနေပြီး ဆေးဝါးတွေလိုအပ်နေ

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်အနောက်ဖက်ခြမ်း က စစ်ရှောင်စခန်းတစ်ခုမှာ ယခုလအတွင်း ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါတွေလိုအပ်နေတယ်လို့ သိရပါတယ်။

“ငှက်ဖျားရောဂါတွေ အဖြစ်များတယ်လေ။ ဆေးခန်းလဲ မရှိတော့ စလောခိ (ဒေသအခေါ်ဝေါ်) မှာ သွားပြရတယ်။ ဆေးနဲ့ပတ်သက်ပြီး လမ်းခရီးကလဲ အရမ်းဝေးတယ်။ သွားဖို့လာဖို့ကလည်း ခက်ခဲတဲ့ နေရာကို‌ စစ်ရှောင်နေရတော့ ဆေးဝါးနဲ့ ပတ်သက်တဲ့ အခက်ခဲတော့ အများကြီးရှိပါတယ်” လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးကပြောပါတယ်။

ဆေးပေးခန်းရှိတဲ့ စလောခိကျေးရွာကိုရောက်ဖို့ စစ်ရှောင်တွေက တစ်နာရီဝန်းကျင် ခြေလျင် လမ်းလျောက်သွားရပါတယ်။

အဆိုပါဆေးပေးခန်းမှာလည်း ရိုးရိုးဖျားနာတာအတွက် ဆေးအနည်းငယ်ရှိပေမဲ့ ကြီးကြီးမားမား ဖျားနာတာတွေအတွက်တော့ ဆေးတွေမရှိဘူးလို့ စစ်ရှောင်တွေကဆိုပါတယ်။

“ရိုးရိုးဖျားနာတို့ဆို ပါရာတော့ရှိ‌တယ်ပေါ့နော်။ တကယ်လို ငှက်ဖျားတို့ တုပ်ကွေးတို့ အဲ့လို ရောဂါကြီးမားမားတွေအတွက်ကျတော့ ဆေးဝါးအခက်ခဲတွေ အများကြီးရှိတယ်ပေါ့နော်” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖားဆောင်းမြို့နယ် အနောက်ဖက်ခြမ်းက စစ်ရှောင်ပြည်သူတွေအတွက် ဆေးပေးခန်းဆောက်လုပ်နိုင်ဖို့ ကြိုးစားနေကြပေမယ့် ငွေကြေးခက်ခဲတဲ့အပြင် လမ်းခရီး ဝေးလံခေါင်ဖျားတာကြောင့် အလှူရှင်တွေလာရောက်မှုလည်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ (၁၀၀) ဝန်းကျင်ရှိပြီး လူဦးရေ (၃၀၀) ကျော်ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ငှက်ဖျားရောဂါဖြစ်ပွားနေကြတာ လက်ရှိလူဦးရေရဲ့ တဝက်ခန့် ဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။

May 22, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာ အုပ်စုနဲ့ စစ်ရှောင်စခန်းတချို့မှာ...
May 21, 2026
စိုက်ပျိုးရာသီရောက်လာပြီဖြစ်တာကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကတောင်သူတွေဟာ...
May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...