မြစ်ကြီးနားမှာ MPT ဖုန်းဆင်းကဒ် သုံးသောင်းခွဲအထိ ဈေးမြင့်တက်

မြစ်ကြီးနားမှာ MPT ဖုန်းဆင်းကဒ် သုံးသောင်းခွဲအထိ ဈေးမြင့်တက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ MPT ဖုန်းဆင်းကဒ် တစ်ကဒ်ကို ကျပ်သုံးသောင်းခွဲအထိ ဈေးမြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လစပြီး ကချင်ပြည်နယ်‌နေရာအနှံ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပေမယ့် မြို့တော် မြစ်ကြီးနားမှာတော့ MPT ဖုန်းလိုင်းအများပိုင်းရနေပြီး ဖုန်းဆင်းကဒ်တွေလည်း ဈေးတက်လာတာဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦး အခုလိုပြောပါတယ်။

“ဒီမနက်မှ သွားဝယ်တာ သုံးသောင်းငါးထောင်ပေးရတယ်။ ဈေးတက်ချက်ကတော့ ဆိုးတယ်။ MPT လိုင်းပဲရတယ်။ တစ်ခြား အော်ရီဒူး၊ တယ်လီနောတွေက မရတော့ ဝယ်ကြတာ ဈေးက ကြောက်စရာကြီး“ လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ MPT ရုံးနဲ့ ရပ်ကွက်တစ်ချို့မှာ MPT ဖုန်းလိုင်းရရှိပြီး တစ်လအကြာ ဩဂုတ်လမှာ မြို့ပေါ်ရပ်ကွက် ၇၀ ရာခိုင်နှုန်း MPT ဖုန်းလိုင်း ရရှိလာတာဖြစ်ပါတယ်။

အဲဒီနောက် MPT ဖုန်းဆင်းကဒ်ဈေး တစ်ဖြည်းဖြည်း မြင့်တက်လာတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ ဖုန်းအရောင်းဆိုင်ဝန်ထမ်းတစ်ဦးက အခုလိုပြောပါတယ်။

“လိုင်းစပြတ်တဲ့ချိန်ဆို ဆင်းကဒ်က ရှစ်ထောင် အဲကနေ တစ်သောင်း၊ ခုဆို သုံးသောင်းကျော်သွားပြီ။ ဆင်းကဒ်က အဝယ်များတော့ ပစ္စည်းပြတ်တယ်။ ပြီးတော့ လမ်းပိုင်းကလည်း အရမ်းခက်တော့ တစ်ခါရောက်လာဖို့ ကြာတယ်“ လို့ ပြောပါတယ်။

ခုလို MPT ဖုန်းဆင်းကဒ်ဈေး မြင့်တက်လာတာဟာ မူရင်းဝယ်ဈေးမြင့်တက်လာသလို လမ်းပိုင်းကြန့်ကြာမှူတွေကြောင့်ဖြစ်တယ်လို့ ‌သူက ဆက်ပြောပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လမှာ MPT ဆင်းကဒ် တစ်ကဒ်ကို ကျပ် ရှစ်‌ထောင်၊ နိုဝင်ဘာလမှာ နှစ်သောင်းဝန်းကျင်ရှိရာကနေ ဒီဇင်ဘာလကုန်ပိုင်းမှာတော့ သုံးသောင်းခွဲအထိ ဈေးမြင့်တက်သွားတာဖြစ်ပါတယ်။

ခုလို ဖုန်းဆင်းကဒ်ဈေး မြင့်တက်လာတာကြောင့် သာမန် လက်လုပ်လက်စားပြည်သူတွေအနေနဲ့ ဆင်းကဒ်တစ်ကဒ်ဝယ်ဖို့ပင် ခက်ခဲလာတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“နေ့စားတစ်ရက်သွားရင် နှစ်သောင်းဘဲရတာ စားဖို့ သောက်ဖို့ ဆီဖိုးနဲ့ဆို တစ်သောင်းလောက်ကျန်တယ်။ အဲဆင်းကဒ်တစ်ကဒ်တောင် ဝယ်မသုံးနိုင်ဘူး“ လို့ ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်နဲ့ နယ်နမိတ်ချင်းထိနယ်နေတဲ့ ကချင်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် မကြာခနဆိုသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရပေမယ့် ဒီတစ်ကြိမ် ဖြတ်တောက်ခံရမှုက သက်တမ်းအကြာဆုံးဖြစ်ပါတယ်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...