ဟားခါးနဲ့ထန်တလန်ကြားက အရေးပါတဲ့ စစ်ကောင်စီတပ်စခန်း ၄ ခုကို ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်

ဟားခါးနဲ့ထန်တလန်ကြားက အရေးပါတဲ့ စစ်ကောင်စီတပ်စခန်း ၄ ခုကို ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်

- ချင်းပြည်နယ် ဟားခါးနဲ့ထန်တလန်မြို့ကြားက စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီရဲ့စခန်း ၄ ခုကို ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ ၅ ဦးအပါအဝင် အယောက် ၃၀ လောက်ကျဆုံးပြီး စစ်သုံ့ပန်းအယောက် ၂၀ နဲ့ လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။  

- ချင်းပြည်နယ် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအပေါ်  အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီဟာ ချင်းပြည်မှာ လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုတွေ နေ့စဉ်ကျူးလွန်နေတယ်လို့ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရက ထုတ်ပြန်ပါတယ်။

- CDF-မတူပီ တပ်မဟာ ၁ နဲ့ တပ်မဟာ- ၂ ကြား သင့်မြတ်မှုရရှိနိုင်ဖို့နဲ့ နယ်ခြားရောက် မတူလူထု အမြန်ဆုံး နေရပ်ပြန်နိုင်ရေးအတွက် မတူချင်း ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယအဖွဲ့က သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနိုင်ရေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Most read this week

September 19, 2026
- မွန်မှာ ထိုင်းကုန်ပစ္စည်းတွေ ပြတ်လပ်လာမှုနဲ့အတူ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ပြည်သူတွေ...
September 19, 2026
- ကချင်ပြည်နယ် ရွှေကူ-ဗန်းမော်ရေကြောင်းလမ်းမှာ စုန်ဆင်း၊ ဆန်တက်နေတဲ့ စစ်တပ်ရဲ့စစ်သင်္ဘောအပါအဝင်...
September 18, 2026
- ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် (CNA)နဲ့...
September 17, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ ကျောင်းလခတိုးမြင့်ကောက်ခံလာမှုကြောင့်...