ဟားခါးနဲ့ထန်တလန်ကြားက အရေးပါတဲ့ စစ်ကောင်စီတပ်စခန်း ၄ ခုကို ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်

ဟားခါးနဲ့ထန်တလန်ကြားက အရေးပါတဲ့ စစ်ကောင်စီတပ်စခန်း ၄ ခုကို ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်

- ချင်းပြည်နယ် ဟားခါးနဲ့ထန်တလန်မြို့ကြားက စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီရဲ့စခန်း ၄ ခုကို ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ ၅ ဦးအပါအဝင် အယောက် ၃၀ လောက်ကျဆုံးပြီး စစ်သုံ့ပန်းအယောက် ၂၀ နဲ့ လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။  

- ချင်းပြည်နယ် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအပေါ်  အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီဟာ ချင်းပြည်မှာ လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုတွေ နေ့စဉ်ကျူးလွန်နေတယ်လို့ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရက ထုတ်ပြန်ပါတယ်။

- CDF-မတူပီ တပ်မဟာ ၁ နဲ့ တပ်မဟာ- ၂ ကြား သင့်မြတ်မှုရရှိနိုင်ဖို့နဲ့ နယ်ခြားရောက် မတူလူထု အမြန်ဆုံး နေရပ်ပြန်နိုင်ရေးအတွက် မတူချင်း ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယအဖွဲ့က သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနိုင်ရေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Most read this week

December 17, 2025
- ရွေးကောက်ပွဲကျင်းပမယ့်ရက် နီးလာတဲ့အချိန် တနိုင်းမြို့နယ် မှော်ဒေသဘက်မှာ တိုက်ပွဲတွေ...
December 17, 2025
- အုပ်ချုပ်နယ်မြေတွေ ကျယ်ပြန့်လာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ထိတွေ့ဆက်ဆံပြီး ဒေသန္တရ...
December 16, 2025
- စစ်ကော်မရှင်ကို အမြန်ဆုံးအရေးယူပေးဖို့ မြောက်ဦးဆေးရုံဗုံးကြဲမှု နစ်နာသူမိသားစုဝင်တွေက...
December 15, 2025
- ရခိုင်ပြည်၊ မြောက်ဦးမြို့မှာ စစ်ကော်မရှင်တပ်က ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ်...