“ဝ” တပ်စခန်း ၉ ခု ဖယ်ရှားရန် ပြောဆိုပြီးနောက် နယ်စပ်တွင် ထိုင်းစစ်တပ်က အင်အားတိုးမြှင့် ချထား

“ဝ” တပ်စခန်း ၉ ခု ဖယ်ရှားရန် ပြောဆိုပြီးနောက် နယ်စပ်တွင် ထိုင်းစစ်တပ်က အင်အားတိုးမြှင့် ချထား
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- AFP)

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က ပြောဆိုပြီးနောက် ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက် တွင် နယ်စပ်၌ ထိုင်းစစ်တပ်ဘက်က အင်အားတိုးမြှင့်ချထားလိုက်ကြောင်း ထိုင်းဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။

နယ်စပ်တွင် ထိုင်းဘက်က တပ်အင်အား တိုးမြှင့်ချထားလိုက်သည်မှာ မှန်ကန်ကြောင်း UWSA ၏ လားရှိုးမြို့ပြင်ပ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကလည်း မဇ္ဈိမကို အတည်ပြု ပြောသည်။

“ထိုင်းဖက်က အင်အားတိုးတယ်လို့သိရပြီး ကျနော်တို့ဘက်ကတော့ ပုံမှန်အခြေအနေပါပဲ” ဟု ဦးညီရမ်းက ပြောသည်။

ထိုင်းသတင်းဌာနများမှ ဖော်ပြထားသည့် ထိုင်းစစ်တပ် ဖယ်ရှားရန်ပြောဆိုသော “ဝ” တပ်ဖွဲ့ တပ်စခန်းများ

UWSA ၏ တပ်စခန်း ကိုးခုသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲက ထိုင်းပိုင်နက် နယ်မြေထဲ အခြေစိုက်ထားသည်ဟုဆိုကာ ဖယ်ရှားပေးရန်အတွက် လွန်ခဲ့သည့် ဆယ်စုနှစ်တခု နီးပါးခန့်ကတည်းက ထိုင်းဘက်က တစိုက်မတ်မတ် တောင်းဆိုနေခြင်း ဖြစ်သည်။

UWSA ဘက်ကတော့ “ဝ” ပြည်တောင်ပိုင်း ၁၇၁ ဧရိယာ “ဝ” ပိုက်နက် နယ်မြေထဲတွင်သာ အခြေစိုက်ထားခြင်းဟု ပြန်လည်တုံ့ပြန်ပြီး နယ်မြေအငြင်းပွားမှု ပြဿနာက အမြင့်ဆုံး အခြေအနေကို ရောက်ရှိလာခြင်း ဖြစ်သည်။

“ဝ” ပြည်တောင်ပိုင်း (၁၇၁) ဒေသသည် ရှမ်းပြည်နယ် ထိုင်း- မြန်မာနယ်စပ် မိုင်းဆတ်ခရိုင်အတွင်း၌ ပါဝင်သည်။

UWSA ၏ အဆိုပါ တပ်စခန်း ကိုးခုကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပေးရန် ထိုင်းစစ်တပ်က ပြောဆိုထားသလို အငြင်းပွားနယ်မြေ၌ ထိုင်းစစ်တပ်ဘက်က ဟောင်ဝစ်ဇာအမြောက်များ ထားရှိကာ အသင့်အနေအထားဖြင့်ရှိနေကြောင်း Khaosod ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

“ဝပြည်တောင်ပိုင်း ၁၇၁ ဒေသဧရိယာအတွင်း တပ်စခန်း ကိုးခုဖယ်ခိုင်းတာ မှန်ပါတယ်။ ဒီလိုကိစ္စမျိုးက ကျနော်တို့နဲ့မပြီးဘူး၊ နိုင်ငံတော်အချင်းချင်းဆွေးနွေးရမယ့် ကိစ္စရပ်ဖြစ်တယ်။ နိုင်ငံတော်ခေါင်းဆောင်ပိုင်းကိုလည်း သတင်းပို့ပြီးပါပြီ” ဟု UWSA ၏ လားရှိုးမြို့ပြင်ပ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက မဇ္ဈိမကို ပြောသည်။

ထိုင်းသတင်းဌာနများမှ ဖော်ပြထားသည့် ထိုင်းစစ်တပ် ဖယ်ရှားရန်ပြောဆိုသော “ဝ” တပ်ဖွဲ့ တပ်စခန်းများ

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်များတွင် UWSA ထိပ်တန်းအရာရှိများနှင့် ထိုင်းတော်ဝင်စစ်တပ်အရာရှိများသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တွေ့ဆုံခဲ့ကာ မူးယစ်ဆေးပြဿနာ၊ နယ်မြေပြဿနာများနှင့် မှောင်ခိုမှုများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် ဇွန်လက တာချီလိတ်မြို့တွင် ပြုလုပ်သည့် မြန်မာ-ထိုင်း နယ်စပ်ကော်မတီမြို့နယ်အဆင့်(TBC) အစည်းအဝေး၌လည်း ထိုင်းအာဏာပိုင်များမှ ထိုင်း−မြန်မာ နယ်စပ်မျဥ်းပေါ်ရှိ “ဝ” တပ်စခန်းများ ဆုတ်ခွာပေးရန် မြန်မာစစ်ကောင်စီဘက်ကို ပြောဆိုခဲ့သေးသည်။

ပုဂံတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၌ လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (Ye Aung THU - AFP)
February 28, 2026
ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ...
February 27, 2026
ရောင်နီ — မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ကလေးသူငယ်...
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...
ဖင်လန်သံရုံးမှ မြင်ရသည့် ရန်ကုန်မြင်ကွင်း။ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် တွင်ထုတ်ပြန်သည်။ (Embassy of Finland in Yangon)
February 25, 2026
မောင်ခက်နွေ — ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို ယခုလကုန် (ဖေဖော်ဝါရီလ ၂၈ ရက်)တွင်...