KNU ဗဟိုအကြံပေး လက်နက်ကြီးထိမှန် သေဆုံးတယ်လို့ စစ်တပ်သတင်းမှားဖြန့်

KNU ဗဟိုအကြံပေး လက်နက်ကြီးထိမှန် သေဆုံးတယ်လို့ စစ်တပ်သတင်းမှားဖြန့်

“ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအကြံပေး စောထိုဆိုသူဟာ ကော့ကရိတ်မြို့တောင်ပိုင်းမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားပြီ ”ဆိုပြီး စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့်ချီနေပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင် ဘာ ၁၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ KNU ဗဟိုအကြံပေး သေဆုံးတယ်ဆိုတဲ့သတင်းက သတင်းအမှားသာ ဖြစ်တာကို သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း လက်နက်ကြီးကြောင့် KNU ဗဟိုအကြံပေး သေဆုံးတယ်လို့ စစ်ကောင်စီတပ် လော်ဘီတွေ ဝါဒဖြန့်ချီနေတာ သတင်းအမှားဖြစ်ကြောင်း သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

စစ်ကောင်စီဘက်က ဖြန့်ဝေနေတဲ့ ဓာတ်ပုံထဲက ရဲဘော်စောထိုဟာ  ၁၉၆၂ ခုနှစ်မှစတင်ပြီး ၂၀၂၄ နိုဝင်ဘာလအထိ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-KNPLF (က.လ.လ.တ)ရဲ့ တော်လှန်ရေးသက်တမ်း အနှစ် ၆၀ ကျော်ရှိ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့လည်း  ရဲဘော်စောထို ကွယ်လွန်မှုအတွက် (က လလတ)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရဲဘော်စောထိုဟာ ဗိုလ်နေဝင်းတို့ စစ်အုပ်စု(မဆလ)၊ နဝတ-နအဖ နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ဦးစီးတဲ့ စစ်အုပ်စုအထိ စစ်အုပ်စုအဆက်ဆက်ကို တော်လှန်သွားတဲ့ တော်လှန်ရေးသမားတစ်ဦး ဖြစ်တယ်လို့ (ကလလတ) က မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။

က.လ.လ.တ ထုတ်ပြန်ချက်

https://www.facebook.com/story.php?story_fbid=555013134171595&id=1000898...

People's Spring သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/watch/?v=3576439289318951&rdid=eUyaxJ1rcIcR6je0

KIC သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/100064406626483/posts/984771160346429/?rdid=IVB...

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...
ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...