KNU ဗဟိုအကြံပေး လက်နက်ကြီးထိမှန် သေဆုံးတယ်လို့ စစ်တပ်သတင်းမှားဖြန့်

KNU ဗဟိုအကြံပေး လက်နက်ကြီးထိမှန် သေဆုံးတယ်လို့ စစ်တပ်သတင်းမှားဖြန့်

“ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအကြံပေး စောထိုဆိုသူဟာ ကော့ကရိတ်မြို့တောင်ပိုင်းမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားပြီ ”ဆိုပြီး စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့်ချီနေပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင် ဘာ ၁၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ KNU ဗဟိုအကြံပေး သေဆုံးတယ်ဆိုတဲ့သတင်းက သတင်းအမှားသာ ဖြစ်တာကို သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း လက်နက်ကြီးကြောင့် KNU ဗဟိုအကြံပေး သေဆုံးတယ်လို့ စစ်ကောင်စီတပ် လော်ဘီတွေ ဝါဒဖြန့်ချီနေတာ သတင်းအမှားဖြစ်ကြောင်း သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

စစ်ကောင်စီဘက်က ဖြန့်ဝေနေတဲ့ ဓာတ်ပုံထဲက ရဲဘော်စောထိုဟာ  ၁၉၆၂ ခုနှစ်မှစတင်ပြီး ၂၀၂၄ နိုဝင်ဘာလအထိ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-KNPLF (က.လ.လ.တ)ရဲ့ တော်လှန်ရေးသက်တမ်း အနှစ် ၆၀ ကျော်ရှိ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့လည်း  ရဲဘော်စောထို ကွယ်လွန်မှုအတွက် (က လလတ)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရဲဘော်စောထိုဟာ ဗိုလ်နေဝင်းတို့ စစ်အုပ်စု(မဆလ)၊ နဝတ-နအဖ နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ဦးစီးတဲ့ စစ်အုပ်စုအထိ စစ်အုပ်စုအဆက်ဆက်ကို တော်လှန်သွားတဲ့ တော်လှန်ရေးသမားတစ်ဦး ဖြစ်တယ်လို့ (ကလလတ) က မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။

က.လ.လ.တ ထုတ်ပြန်ချက်

https://www.facebook.com/story.php?story_fbid=555013134171595&id=1000898...

People's Spring သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/watch/?v=3576439289318951&rdid=eUyaxJ1rcIcR6je0

KIC သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/100064406626483/posts/984771160346429/?rdid=IVB...

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

ဓာတ်ပုံ-MOI
January 12, 2026
မွန်ပြည်နယ်မှာ လာမယ့်ရက်ပိုင်းအတွင်း စစ်ကော်မရှင် ဖွင့်လှစ်ဖို့ရှိနေတဲ့ စစ်မှုထမ်း အပတ်စဉ် ၂၁...
January 10, 2026
အာဏာသိမ်းမှုကြောင့် နိုင်ငံရေးပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ လူသုံးအ...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
ဓာတ်ပုံ-CJ
January 9, 2026
ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ စစ်ကော်မရှင်တပ်...