အမ်းချောင်းတွင် အမျိုးသမီးများအပါအဝင် အလောင်းများမျှောနေ

အမ်းချောင်းတွင် အမျိုးသမီးများအပါအဝင် အလောင်းများမျှောနေ

တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ကိုဖြတ်သန်းစီးဆင်းနေသည့်အမ်းချောင်းတွင် အမျိုးသမီးအလောင်းများအပါအဝင် စစ်သားအလောင်းအများအပြားကို ရေထဲတွင်မျှောပါနေသည်ကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အမ်းဒေသခံအမျိုးသားတစ်ဦးက " ဒီလအတွင်း အခုအမ်းချောင်းမှာ အလောင်းတွေအများကြီးတွေ့ရတယ်။ အဲ့ဒီအထဲမှာ မိန်းမအလောင်းတွေလည်းပါတယ်။ ဒဏ်ရာရစစ်သားတွေရော၊ ဒဏ်ရာမရတဲ့ စစ်သားတွေရောပါတယ်" ဟု နိရဉ္စရာ ကို ပြောသည်။

အမျိုးသမီးများအလောင်းများမှာ စစ်တပ်မိသားစုဝင်များဖြစ်ပြီး ရေးမကူးတတ်ဘဲ အမ်းချောင်းကို ဖြတ်ကူးစဉ် ရေနစ်သေဆုံးပုံရသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ အလောင်းတွေအထဲမှာ ဒဏ်ရာရတဲ့ စစ်သားတွေ အလောင်းတွေလည်းတွေ့တယ်။ ဒဏ်ရာရ စစ်သားတွေကတော့ သေပြီးနောက် ချောင်းထဲ ပစ်ချခံရပုံရတယ်။  ဒဏ်ရာမရဘဲနဲ့လည်း တွေ့တယ်။ ဒဏ်ရာမရတဲ့ စစ်သားတွေက ချောင်းကိုဖြတ်ကူးတဲ့အခါ နစ်ပုံရတယ်။ အမျိုးသမီးတွေလည်း စစ်တပ်မိသားစုတွေ ဖြစ်ကြတယ်။ သူတို့လည်း ရေမကူးတတ်တော့ ချောင်းထဲမှာ ရေနစ်ပုံရပါတယ်”ဟု ပြောသည်။

အမ်းမြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများပြီး တပ်ရင်းဝင်းထဲတွင် သဂြိုလ်မည့်သူမရှိဘဲ ပုပ်ပွနေသော စစ်သားအလောင်းအများအပြားကို တွေ့ရသည်ဟု ဆိုသည်။  

" တိုက်ပွဲဖြစ်တာဘဲ။ အေအေတွေဘက်ကလည်း ကျတာရှိမှာပေါ့။ ဒါပေမယ့် သူတို့မှာက ကျသွားတဲ့ တပ်သားတွေကို အလောင်းပြန်ရအောင်ယူပြီး သင်္ဂြိုလ်တာရှိတာပေါ့။ စစ်တပ်ကကျတော့ စခန်းကို စွန့်ခွာထွက်ပြေးရတော့ သေသွားတဲ့ အလောင်းတွေကို ဘယ်လိုမှ ကောက်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီအတိုင်း ပစ်ထားခဲ့ရတာတွေ ရှိတာပေါ့”ဟု ပြောသည်။

AAနှင့် နီးစပ်သည့် စစ်သတင်းရင်းမြစ်တစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်စခန်းအနီးဝန်းကျင်တွင် မသင်္ဂြိုလ်နိုင်ဘဲ ပုပ်ပွနေသော အလောင်းအများအပြားကိုတွေ့ရပြီး ၎င်းတပ်စခန်းအနီးမှ ဖြတ်သွား၍မရအောင်ထိ အပုပ်နံ့များထွက်နေသည်ဟု ပြောဆိုသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...