ကန်ပိုက်တီမြို့ သိမ်းပိုက်ခံရပြီးနောက် ဗလမင်းထင်တံတားကို ပိတ်ထားဟု ဒေသခံများပြော

ကန်ပိုက်တီမြို့ သိမ်းပိုက်ခံရပြီးနောက် ဗလမင်းထင်တံတားကို ပိတ်ထားဟု ဒေသခံများပြော
တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။
တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။

ကန်ပိုက်တီမြို့ကို မနေ့(နိုဝင်လာ ၂၀ ) ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့(နိုဝင်ဘာ ၂၁ ရက်နေ့) မနက် ၇ နာရီလောက်ကစပြီး မြစ်ကြီးနား-ဝိုင်းမော်မြို့ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားကို စစ်ကောင်စီကနေ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြောင်းအရင်းကိုတော့ အတိအကျမသိရပေမဲ့ အခုလိုပိတ်လိုက်တာဟာ ကန်ပိုက်တီမြို့ကို သိမ်းလိုက်တာကြောင့် ဖြစ်နိုင်တယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။

“ကန်ပိုက်တီကို သိမ်းလိုက်လို့ ခဏတဖြုတ် ပိတ်လိုက်တာဖြစ်မယ်။ အကြာကြီးတော့ မပိတ်လောက်ဘူး။ မတည်ငြိမ်လို့ ခဏပိတ်တာပဲဖြစ်မှာပါ။“ လို့ဆိုပါတယ်။

ဗလမင်းထင်တံတားအနီး နေထိုင်သူတစ်ဦးရဲ့ ပြောပြချက်အရ မနေ့ က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဗူးခွံကောက်တဲ့ လင်မယားနှစ်ဦး အသတ်ခံရလို့ ခဏပိတ်တာလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဘာကြောင်းကြောင့်လဲဆိုတာတော့ အတိအကျ မပြောနိုင်ပါဘူး။

ဗလမင်းထင်တံတားဟာ ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီးလည်း ဖြစ်ပါတယ်။

ကချင်အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ BGF တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုင်တီမြို့အနီး ဝေါ်ချုံးဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး အထက်ပါတပ်ရင်းတွေနဲ့ မြို့တွေကို KIA ကနေ တစ်လလောက်အတွင်း သိမ်းပိုက်ထားတာပါ။

ကန်ပိုက်တီမြို့အနီးက ကချင်နယ်ခြားစောင့်တပ်(BGF)၊ အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ အောက်တိုဘာလ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့ကိုတော့ တရုတ်- မြန်မာတရားဝင်ကုန်သွယ်ရေးဂိတ်ရှိတာကြောင့် မသိမ်းပိုက်ဘဲ ချန်ထားခဲ့တာဖြစ်ပြီးတော့ မနေ့က(နိုဝင်ဘာ ၂၀ ) ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

မှော်စီစာနှင့် ကုဋေလမ်းဆုံတွင် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲစဉ်။ (Credit)
May 9, 2026
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်အုပ်စုက...
ပုံဟောင်းဖြစ်ပါသည်။
May 8, 2026
မြစ်ဆုံဆည်ဆောက်မယ့်အပေါ်  ကန့်ကွက်မှုတွေရှိနေပေမဲ့ စစ်အုပ်စုဟာ အကောင်အထည်ဖော်နိုင်ရေး အတွက်...
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဆဒုံးမြို့နယ်၊ ရှငေါ်နယ်မြေ တစ်နေရာတွင်ရှိသည့် ဘိန်းခင်းများအား KIA မှ ရှင်းလင်းနေစဉ်။
May 7, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) အနေနဲ့ တစ်နှစ်ကျော်အတွင်း ဘိန်းခင်းဧက ၈၃၀ ကျော်...
May 6, 2026
ဖားကန့်ကျောက်စိမ်းတွင်းဒေသကိုဝင်တဲ့ လမ်းတွေပိတ်ထားတဲ့အပြင် တိုက်ပွဲတွေကြောင့် ဒေသတွင်း...