ဟားခါးမြို့မှာ စစ်မှုထမ်းဖို့ခေါ်တာမလုပ်ဘူးလို့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီခန့်ပြည်နယ်အစိုးဖွဲ့တာဝန်ရှိသူက နှုတ်ကတိပေးထားတယ်လို့သိရ

ဟားခါးမြို့မှာ စစ်မှုထမ်းဖို့ခေါ်တာမလုပ်ဘူးလို့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီခန့်ပြည်နယ်အစိုးဖွဲ့တာဝန်ရှိသူက နှုတ်ကတိပေးထားတယ်လို့သိရ

ချင်းပြည်နယ်မြို့တော်ဟားခါးမြို့မှာ စစ်မှုထမ်းဖို့ခေါ်တာတွေ မလုပ်ဘူးလို့ စစ်ကောင်စီခန့် ပြည်နယ်အစိုးရတာဝန်ရှိသူတစ်ဦးက အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်တွေကိုခေါ်ပြီးလုပ်တဲ့ အစည်းအဝေးမှာ နှုတ်ကတိပေးပြောတယ်လို့ ဟားခါးမြို့ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစလို့ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ချင်းပြည်နယ်က ဒေသခံလူငယ်အများစုဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြတာတွေကြောင့် အလုပ်သမားလူဦးရေမရှိတာ စတဲ့ပြဿနာအခက်ခဲတွေကြောင့် စစ်ကောင်စီခန့်ပြည်နယ်အစိုးရတာဝန်ရှိသူက အခုလိုပြောတာလို့လည်း ဟားခါးမြို့ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

ဟားခါးမြို့ဒေသခံတစ်ဦးက “အသေးစားစက်မှုလက်မှုလုပ်ငန်းရှင် အစည်းဝေးခေါ်တုန်းက ပြည်နယ်အစိုးရရုံးက တာဝန်ရှိသူတစ်ဦးက နှုတ်ကတိပေးတာမျိုးရှိတယ်။ ပြီးခဲ့တဲ့ သန်းခေါင်စာရင်းကောက်တုန်းက ဒီဟားခါးမှာ အလုပ်လာလုပ်တဲ့ ဗမာလူမျိုးတွေ အများစုနေထိုင်တဲ့ ချင်းဦးစီးရပ်ကွက်တွေမှာဆိုရင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်တဲ့အချိန် ဓာတ်ပုံရိုက်တာမျိုးတွေရှိလို့ တချို့ကရှောင်ထွက်ပြေးတာမျိုးတော့ရှိခဲ့တယ်” လို့ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစလို့ အာဏာတည်စေမယ်လို့ စစ်ကောင်စီအမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဟားခါးမြို့မှာ လူစာရင်းကောက်တာမျိုးခဏတာဖြစ်ပွားခဲ့ပြီး ဒေသခံလူငယ်အမြောက်အများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ချင်းပြည်နယ်မှာတော့ စစ်ကောင်စီပြဌာန်းတဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်သူတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက အရေးယူမယ်လို့ သတိပေးထားပါတယ်။

ဟားခါးမြို့မှာ ပြည်သူ့စစ်မှုထမ်းမရှိပေမယ့် စစ်ကောင်စီက ပြီးခဲ့အပတ်တွေက ပြည်မဘက်က ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းတွေကို ရဟတ်ယာဉ်တွေနဲ့ ဟားခါးမြို့ကို လာချခဲ့တဲ့အကြောင်းကိုဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူသစ်စုဆောင်းနေတာတွေကို သူတို့ထိန်းချုပ်ထားတဲ့ တိုင်းဒေသကြီး/ပြည်နယ်က မြို့နယ်တွေမှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပါတယ်။

မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...