ဘုတလင်မှာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

ဘုတလင်မှာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာမရှိဘူး” လို့ စစ်ကောင်စီက သတင်းမှားဖြန့်ချီနေပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ ဝါဒဖြန့်ကြေးမုံသတင်းစာ၊ MOI စတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ ၁၂ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဒေ သခံရွာသားတွေကို ဓားစာခံအဖြစ် ဖမ်ဆီးပြီး သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဉ်တွေထဲက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် သပြေပင်ရွာအနီးမှာ စစ်အုပ်စုဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ သဖန်းကျေးရွာနေ အသက် ၅၀ အရွယ် ကိုတိုးတိုးမင်းရဲ့ ရုပ်အ လောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက Mandalay Free Press (MFP) ကို ပြောထားပါတယ်။

ဘုတလင်မြို့ရဲ့ အရှေ့ဘက်က အိမ်ခြေ ၂၆၀ ရှိတဲ့ သဖန်းကျေးရွာကို စစ်အုပ်စုက နိုဝင်ဘာ  ၅ ရက်မှာ စတင်ကာစီးနင်းပြီး ဒေသခံပြည်သူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာပါ။

စစ်အုပ်စုဟာ သဖန်ကျေးရွာထဲ သုံးရက်ကြာ တပ်စွဲပြီး ထင်တိုင်းကျဲ ဖောက်ထွင်းလုယက်ဖျက် ဆီးကာ နိုဝင်ဘာ ၇ ရက်မှာ ရွာကို တစ်နာရီကျော်ကြာ မီးရှို့ဖျက်ဆီးပြီးနောက် ပြန်ထွက်သွားတာ ဖြစ်ပါတယ်။

အင်အား  ၁၂၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဓားစာခံအဖြစ် ဒေသခံအမျိုးသား၂၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်ထားပြီး ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတယ်လို့ မဇ္ဈိမသတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။

MFP သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=614578724234585&id=1000704...

မဇ္ဈိမသတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=899027402371519&id=1000679...

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...