ဘုတလင်မှာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

ဘုတလင်မှာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာမရှိဘူး” လို့ စစ်ကောင်စီက သတင်းမှားဖြန့်ချီနေပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ ဝါဒဖြန့်ကြေးမုံသတင်းစာ၊ MOI စတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ ၁၂ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဒေ သခံရွာသားတွေကို ဓားစာခံအဖြစ် ဖမ်ဆီးပြီး သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဉ်တွေထဲက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် သပြေပင်ရွာအနီးမှာ စစ်အုပ်စုဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ သဖန်းကျေးရွာနေ အသက် ၅၀ အရွယ် ကိုတိုးတိုးမင်းရဲ့ ရုပ်အ လောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက Mandalay Free Press (MFP) ကို ပြောထားပါတယ်။

ဘုတလင်မြို့ရဲ့ အရှေ့ဘက်က အိမ်ခြေ ၂၆၀ ရှိတဲ့ သဖန်းကျေးရွာကို စစ်အုပ်စုက နိုဝင်ဘာ  ၅ ရက်မှာ စတင်ကာစီးနင်းပြီး ဒေသခံပြည်သူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာပါ။

စစ်အုပ်စုဟာ သဖန်ကျေးရွာထဲ သုံးရက်ကြာ တပ်စွဲပြီး ထင်တိုင်းကျဲ ဖောက်ထွင်းလုယက်ဖျက် ဆီးကာ နိုဝင်ဘာ ၇ ရက်မှာ ရွာကို တစ်နာရီကျော်ကြာ မီးရှို့ဖျက်ဆီးပြီးနောက် ပြန်ထွက်သွားတာ ဖြစ်ပါတယ်။

အင်အား  ၁၂၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဓားစာခံအဖြစ် ဒေသခံအမျိုးသား၂၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်ထားပြီး ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတယ်လို့ မဇ္ဈိမသတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။

MFP သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=614578724234585&id=1000704...

မဇ္ဈိမသတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=899027402371519&id=1000679...

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...