AA နှင့် စစ်ကောင်စီတို့ တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်အနီးတွင် တိုက်ပွဲ ဖြစ်ပွား

AA နှင့် စစ်ကောင်စီတို့ တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်အနီးတွင် တိုက်ပွဲ ဖြစ်ပွား

အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်မြို့အနီးတွင် ယနေ့ နိုဝင်ဘာလ (၁)ရက်နေ့ တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံစစ်ရေး သတင်းအရင်းအမြစ်များထံမှ သိရသည်။

ယနေ့ နံနက် ၇နာရီ အချိန်မှ စတင်ပြီး မူဆယ်မြို့နယ် မန့်မိုင်ကျေးရွာအနီးတဝိုက်သို့ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသောကြောင့်  AAတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း  ဖြစ်ကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။

မူဆယ်ဒေသခံစစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက “ဒီမနက်(၇)နာရီလောက်မှာ မန့်မိုင် သင်္ချိုင်းကုန်းဘက်မှာ တိုက်ပွဲဖြစ်တာပါ။ မန့်မိုင်ဘက်က မဟာမိတ် ၃ဖွဲ့ထဲက အေအေတပ် နေရာယူတပ်စွဲထားတဲ့နေရာမှဖြစ်တာပါ။ မန့်မိုင် သင်္ချိုင်းကုန်းဘက် လက်နက်ကြီးငယ် ပစ်ခတ်သံတွေကြားရခဲ့တယ်၊ စစ်ကောင်စီဘက်က ထိခိုက်တာရှိပြီး လက်နက်တချို့လည်း အေအေကရသွား တယ်လို့သိရတယ်” ဟုပြောသည်။

မန့်မိုင်ကျေးရွာသည် မူဆယ်မြို့ ၏တောင်ဘက် တစ်မိုင်ခန့်အကွာတွင်တည်ရှိကာ တိုင်းရင်းသား လက်နက်ကိုင် တချို့နေရာယူထားသောနေရာဖြစ်ကြောင်း ဒေသခံတချို့ထံမှသိရသည်။

မန့်မိုင်ကျေးရွာတစ်လျှောက်တွင် MNDAA၊ TNLA ၊ AA စသည့်မဟာမိတ် ၃ ဖွဲ့အပြင်  KIA နှင့် အခြားသောအဖွဲ့များ လည်းတပ်နေရာယူမှုများရှိနေကာလက်ရှိ ဖြစ်ပွားသည့်နေရာ ပတ်ဝန်းကျင်သည် AA တပ် နေရာယူထားသည့်နေရာ ဖြစ်သောကြောင့် AA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့မှကုန်သည် တစ်ဦးမှ နိရဉ္စရာသို့ပြောသည်။

“မန့်မိုင်သင်္ချိုင်းကုန်းဘက်သို့စကစတပ်တွေစစ်ကြောင်းထိုးသွားတာ၊တရုတ်ကတော်လှန်ရေးတပ်ဖွဲ့တွေကိုဖိအားပေးထားတာကို သိတော့ အသာစီးရမလားဆိုပြီးတော့ အဲ့မှာတိုက်ပွဲတွေဖြစ်ကြတာ အကျအဆုံးမသိရ သေးဘူး၊အခြေအနေကဘယ်လိုဖြစ်လာမလဲမသိဘူး၊စီးပွားရေးလဲ လုပ်စားရတာ ခက်လာမယ် ” ဟုပြောသည်။

စစ်ကောင်စီတပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည့် မူဆယ်မြို့ကို တရုတ်အစိုးရ၏ ဖိအားပေးမှုများကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်သေးခြင်းအား စစ်ကောင်စီမှ တိုက်ပွဲဖော်ဆောင်ရန်ကြိုးစားနေကြောင်းသူကဆက်ပြောသည်။

တရုတ်နှင့်နယ်စပ်ကုန်သွယ်ရာမြို့များအနက် အဓိကကျသည့် မူဆယ်မြို့ကို သိမ်းပိုက်ရန် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက မြောက်ပိုင်းညီနောင်မဟာမိတ် တပ်များမှ  ဝိုင်းရံပိတ်ဆို့ထားပြီး ဖြစ်ကြောင်းသိရသည်။

လက်ရှိမူဆယ်မြို့တွင် တိုက်ပွဲများ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုကြောင့် နယ်စပ်ကုန် သွယ်ရေး ရပ်ဆိုင်းထားရကာ စီးပွားရေးလုပ်ငန်းတစ်ချို့လည်းရပ်တန့်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်ညပိုင်းကလည်းမူဆယ်မြို့နှင့် ၃ မိုင်ခန့်အကွာ နမ့်ခုမ်ရွာအနီးတွင် MNDAA နှင့်စစ်ကောင်စီတပ်ကြား ထိတွေ့ တိုက်ပွဲဖြစ်ခဲ့သေးကြောင်းသိရသည်။

June 8, 2026
နှင်းနွယ်နီ — လုံခြုံရေးအခြေအနေကြောင့် ရေလုပ်သားများအားငါးဖမ်းခွင့်ကိုပိတ်ပင်ထားရာမှ...
ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...