ဖီမော်နယ်စပ်ဂိတ် ကုန်စီးဆင်းမှုတရုတ်ကပိတ်ဆို့၊ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်း ကားသာဝင်ထွက်ခွင့်ပြုနေ

ဖီမော်နယ်စပ်ဂိတ် ကုန်စီးဆင်းမှုတရုတ်ကပိတ်ဆို့၊ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်း ကားသာဝင်ထွက်ခွင့်ပြုနေ

ကချင်အထူးဒေသ (၁) ဖီမော်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ ပိတ်ဆို့လိုက်ပြီး ကုန်စည်စီးဆင်းမှုတွေမရှိတော့ပေမဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းအသုံးပြုကားတွေ အဝင်အထွက်ခွင့်ပြုနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ တတိယအပတ်အတွင်း ကချင်အထူးဒေသ ၁ နယ်မြေတစ်ဝှိုက် မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေအကြား ပန်ဝါမြို့ကို KIA က သိမ်းပိုက်လိုက်တဲ့နောက်တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်အတော်များများကိုပိတ်လိုက်တာဖြစ်ပါတယ်။

“ နယ်စပ်ဂိတ်ကနေတော့ ကျနော်တို့ဆီကိုဘာပစ္စည်းမှမဝင်တော့ဘူး ဒါပေမဲ့ တရုတ်ဘက်ကနေတော့ ကားတွေဝင်တယ်။ ကျောက်ဖြူသည်တဲ့ကားတွေပေါ့ သူတို့တော့အဝင်အထွက်လုပ်နေတယ်။ ကျနော်တို့ ဆီပဲ ဘာမှကိုမဝင်တော့တာ။ ပန်ဝါသိမ်းပြီးတစ်ခြားမြို့တွေ နယ်စပ်ဂိတ်ပိတ်သွားပေမဲ့ ကျနော်တို့ဆီမှာ ပစ္စည်းတွေဝင်သေးတာဟုတ်တယ်။ ”လို့ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။

နယ်စပ်ဂိတ်အများပိုင်းပိတ်လိုက်ပေမယ့် အထူးဒေသ ၁ ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ ဖီမော်မြို့နယ်စပ်ဂိတ်ကနေ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ကုန်စည်စီးဆင်းမှုတွေရှိနေခဲ့ပြီး တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းနဲ့ သံသတ္တုလုပ်ငန်းတွေ လည်ပတ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ ဖီမော်မြို့ နယ်စပ်ဂိတ်ကနေ တရုတ်ဘက်က ကုန်ပစ္စည်းအဝင်တွေကိုရပ်တန့်လိုက်တာဖြစ်ပြီး လက်ရှိတော့ တရုတ်ဘက်ကကုန်ပစ္စည်းအဝင်တွေကို အားကိုးနေရတဲ့ ဒေသခံတွေကတော့ အခက်ကြုံလာရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ အခက်အခဲတော့နည်းနည်းစကြုံလာရတာပေါ့။ ဆီဈေးတွေလည်း တရုတ်ငွေနဲ့ဆိုအရင်က တစ်လီတာကို ၁၅ ယွမ် ဒီရက်ပိုင်းတော့ ၂၀ ယွမ်ဖြစ်သွားတယ်။ဒါကတော့ရွာတွေမှာပေါ့ မြို့ပေါ်မှာတော့ဈေးနည်းနည်း သက်သာနေသေးတယ်။ ကုန်ဈေးနှုန်းကတော့မတက်သေးဘူး အခုတော့သိပ်မသိသာသေးဘူးပေါ့။ ”လို့ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။

KIA ထိန်းချုပ်မှုအောက် တရုတ်-မြန်မာနယ်စပ်ဂိတ် KIO ဌာနချုပ် လိုင်ဇာမြို့နယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ်ဂိတ် ပြီးခဲ့တဲ့ ရက်ပိုင်းသိမ်းပိုက်ထားတဲ့ ပန်ဝါမြို့နယ်စပ်ဂိတ်ရှိပြီး ကချင်အထူးဒေသ ၁ အောက်မှာ ကံပိုင်တည်၊ ဖီမော်နယ်စပ်ဂိတ်၊အမှတ် ၇ နယ်စပ်ဂိတ်၊ ကန့်ဖာနယ်စပ်ဂိတ်ရှိပါတယ်။



အဲဒီထဲက KIA ထိန်းချုပ်မှုအောက်ရှိ လိုင်ဇာ၊လွယ်ဂျယ်၊ပန်ဝါ ဂိတ်အားလုံးကို တရုတ်ဘက်က အောက်တိုဘာလ ၁၈ ရက်ညကစပြီး ပိတ်လိုက်သလို ကချင်အထူးဒေသ ၁ အောက်မှာရှိနေသေးတဲ့  ကံပိုင်တည်မြို့ နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားပြီး ကန့်ဖာဂိတ်နဲ့အမှတ် ၇ နယ်စပ်ဂိတ်ကို ၂၀၂၂ ခုနှစ် ကိုဗစ်ကာလကတည်းက ပိတ်ထားတာလို့သိရပါတယ်။

ကချင်အထူးဒေသ ၁ ထဲမှာရှိနေသေးတဲ့ ဖီမော်နယ်စပ်ဂိတ်၊ ကန့်ဖာနယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ KIAသိမ်းပိုက်လိုက်တဲ့ ပန်ဝါနယ်စပ်ဂိတ်တွေဟာ နယ်စပ်တစ်လျှောက်နေထိုင်တဲ့ ပြည်သူတွေလိုအပ်တဲ့ စက်သုံးဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့အပါအဝင်၊တွင်းထွက်လုပ်ငန်းတွေမှာအသုံးပြုတဲ့ ခဲ၊ယမ်းတွေကို အဓိကတင်သွင်းတာလို့ဒေသခံတွေကပြောပါတယ်။

March 2, 2026
KIO/KIA  ထိန်းချုပ်ထားတဲ့ ပန်ဝါမှာ စစ်တပ်လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတဲ့အတွက်...
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ပူတာအိုဒေသမှာ စစ်တပ်ထောက်ခံသူတွေက KIA နဲ့ PDF ကိုဆန္ဒပြထုတ်ဖော်ခဲ့
February 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မြစ်ကြီးနားလေယာဉ်ကွင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး KIA ကို...
February 26, 2026
မြစ်ကြီးနားမြို့မှာ အများပြည်သူသုံး လမ်းမပေါ်သဲကျောက်သယ်တဲ့...
February 25, 2026
လူထုရဲ့ကန့်ကွက်မှုတွေကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကြာရပ်နားခဲ့ရတဲ့...