လားရှိုး နာမည်ကြီး တရုတ်ဘုံကျောင်းနှင့် နေအိမ်ကို စစ်ကောင်စီ ပေါင်၅၀၀ ဗုံးဖြင့်ကြဲ

လားရှိုး နာမည်ကြီး တရုတ်ဘုံကျောင်းနှင့် နေအိမ်ကို စစ်ကောင်စီ ပေါင်၅၀၀ ဗုံးဖြင့်ကြဲ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှိ နာမည်ကြီး တရုတ်ဘုံကျောင်း နှင့် အရပ်သားနေအိမ်များကို စစ်ကောင်စီတပ်သည်  လေကြောင်းမှ ပေါင် ၅၀၀  ဗုံးဖြင့်  ၄ ကြိမ်ပစ်ခတ်မှုများကြောင့်  အရပ်သားတစ်ဦး ဒဏ်ရာရသည်ဟု စုံစမ်းသိရသည်။

ယနေ့မနက် (စက်တင်ဘာလ ၄ ရက်)နေ့ နံနက်ပိုင်း ရပ်ကွက် (၈) မန်ဆူဘုရား မရောက်ခင် ၁၂၁ အနောက်လမ်းကြားဘက် တွင် နှစ် ကြိမ်၊ ရပ်ကွက် (၅) ရှိ နာမည်ကြီး တရုတ်ဘုံကျောင်းတွင် နှစ်ကြိမ် စုစုပေါင်း ၄ ကြိမ် လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိသည်ဟု မြို့နယ်ဒေခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့မနက် ထပ်လာကြဲသွားတယ်။ ရပ်ကွက် (၈) မန်ဆူဘုရားမရောက်ခင် ၂ ကြိမ်၊ ရပ်ကွက် (၅) ဘုံကျောင်းမှာ ၂ကြိမ် ကြဲသွားတယ်။ အရပ်သားတစ်ဦးဒဏ်ရာရသွားတယ်။ နေအိမ်အဆောက်အအုံတွေ အများကြီးပျက်စီးသွားတယ်။ စစ်တပ်တွေက ပြည်သူတွေကို တမင်းထိခိုက်အောင် ပြုလုပ်နေတယ်”ဟု ၎င်းကပြောသည်။

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် တရုတ်ဘုန်းကြီးကျောင်းကြီးပျက်စီးခဲ့ရပြီး၊ နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့သည့် အပြင် မြို့တွင်း အင်တာနက်လိုင်းများပြတ်တောက်သွားသည်ဟု သိရသည်။

စစ်တပ်မှ အများပြည်သူ အိပ်မောကျချိန်တွင် ဗုံးလာကြဲတာကြောင့် မြို့ခံများ ကြောက်လန့်ကာ မအိပ်ရဲဖြစ်နေကြကြောင်း၊ စစ်ကောင်စီသည် မကြာခဏဗုံးလာကြဲမှုကြောင့် လားရှိုးမြို့ခံများ ဘေးလွတ်ရာသို့ ရှောင်တိမ်း နေကြပြီး၊ အချို့ ငွေကြေး ခက်ခဲမှုကြောင့် အခြားနေရာသို့ မရှောင်နိုင်ဘဲ ကျန်ရှိနေသေးကြောင်း ဒေသခံအမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာတဲ့လေကြောင်းတိုက်ခိုက်မှုတွေက ပြည်သူတွေကိုသာ အဓိက ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်တယ်။ လားရှိုးကို အကြမ်းဖက်ဆန်စွာ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်။ အခြေခံလူတန်းစားတွေက စစ်ရှောင်ဖို့အဆင်မပြေတဲ့သူတွေဆို မြို့တွင်းထဲမှာပဲ အောင်းနေကြတယ်။ အဲလူတွေဆို ထိခိုက်မှုတွေ ပိုများတယ်” ဟု ၎င်းကပြောသည်။

တရုတ်ဘုံကျောင်းတွင် MNDAA များစုဝေးနေသည် ဟု စစ်ကောင်စီလော်ဘီအချို့ က လူမှုကွန်ရက်စာမျက်နှာပေါ်၌ အောက်တိုဘာ ၃ရက်တွင် သတင်းဖော်ပြပြီးနောက် စစ်ကောင်စီတပ်မှ ယနေ့ (အောက်တိုဘာ ၄)ရက်တွင် လေကြောင်းဖြင့် ပေါင် ၅၀၀ဖြင့် ဗုံး ၄ကြိမ်တိုင် ကြဲခြင်းဖြစ်ကြောင်း သိရသည်။

“ စစ်ကောင်စီက လားရှိုးကို ရစရာမရှိအောင်ကြဲနေတော့တာပဲ။ လောက်ကိုင်ဘက်ကို သွားမကြဲကြဘူး။ ကျမတို့လည်း နေ့မအိပ်ရ၊ ညမအိပ်ရ စိတ်တွေက ကယောင်ချောက်ချားတယ်။ ဝင်ငွေမရှိဘယ်မှလည်း သွားမရဘူး” ဟု လားရှိုးဒေသခံ အမျိုးသမီးတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းနှင့် အောက်တိုဘာလတွင် လားရှိုးမြို့ကို စစ်ကောင်စီမှ ၁၀ ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ များထိခိုက်ဒဏ်ရာရကာ နေအိမ် အဆောက်ဦးများလည်း ပျက်စီးခဲ့သည်။

လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များကိ ဇူလိုင်လ ၂၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီး နောက် စစ်ကောင်စီမှ မကြာခဏ လေကြောင်း ဗုံးကြဲ တိုက်ခိုင်ခြင်းများ လုပ်ဆောင်လာခဲ့သည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...