ပင်လည်ဘူးမြို့မှာ ထောက်ပို့ရဟတ်ယာဉ်တစ်စီး ပစ်ခံရကာ ထိခိုက်သေဆုံးသူရှိ

ပင်လည်ဘူးမြို့မှာ ထောက်ပို့ရဟတ်ယာဉ်တစ်စီး ပစ်ခံရကာ ထိခိုက်သေဆုံးသူရှိ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့မှာ စစ်ကောင်စီရဲ့ ထောက်ပို့ရဟတ်ယာဉ် MI-17 ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးလက်အောက်မှာရှိတဲ့  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့  ဩဂုတ် ၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

NUG  ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအရ တိုက်ခိုက်မှုကြောင့်  စစ်တပ်အရာရှိအပါအဝင် (၇) ဦး သေဆုံးပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ထောက်ပို့ရဟတ်ယာဥ် MI-17ကို မောင်းနှင်သည့်ရဟတ်ယာဥ်မှူးတစ်ဦး နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆) ဦးတို့ ပါဝင်တယ်လို့ ဆိုထားပါတယ်။

ရှမ်းနီအသံရဲ့ စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရ  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ MI-17 ရဟက်ယာဉ်က လက်နက်ခဲယမ်းရိက္ခာများလာပို့ပြီး ဒဏ်ရာရရှိထားတဲ့ စစ်ကောင်စီတပ်သားများကို ပြန်သယ်ဖို့ ဆင်းသက်နေစဉ် ယာဉ်အမှီးပိုင်းကို တိုက်ခိုက်ခံခဲ့ရတာပါ။

လေယာဉ်တိုက်ခိုက်ခံရမှုကြောင့် ရဟက်ယာဉ်အမြီးပိုင်းမှာ မီးခိုးတွေများစွာထွက်လာပြီး  ပင်လည်ဘူးမြို့ကနေ ကန့်ဘလူမြို့ကို မောင်းနှင်ကာ အရေးပေါ်ဆင်းသက်မှုတွေပြုလုပ်ခဲ့ပြီးနောက် ဒဏ်ရာရရှိသူတွေကို  မန္တလေးတိုင်းဒေသကြီးဘက်ကို  ယာဉ်တန်းတွေနဲ့ ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို NUG ၏  အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က တွေက ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်မတိုင်ခင်မှာလည်း  MI-17 ရဟက်ယာဉ်ဟာ ပင်လည်ဘူးမြို့ကိုဆင်းသက်စဉ်မှာ ပွိုင့် 5  စက်လက်နက်ဖြင့် ပစ်ခတ်ခံရမှုရှိခဲ့ပြီး လေယာဉ်အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့  သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ပင်လည်ဘူးမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့များအကြား မကြာခဏ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေပြီး စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ကာလကြာရှည်စွာ ဖြတ်တောက်ထားတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

February 5, 2026
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသရှိ အင်းတော်ကြီးမြို့(လုံးတုံ)ရဲ့ စစ်ကော်မရှင်ရဲ့...
ရှမ်းနီဒေသမှ လက်ဖက်လုပ်ငန်းများကို တွေ့ရစဉ်/ ShanNi Voice
February 4, 2026
မြန်မာ့လက်ဖက်စိုကို ယူနက်စကိုမှာ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်...
February 3, 2026
ဝိုင်းမော်မြို့ကနေ မှ တရုတ်နိုင်ငံနယ်စပ် ကန်ပိုင်တည်မြို့ကိုသွားတဲ့ လမ်းပိုင်းတွေမှာ...
February 3, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်စိုးမိုးထားတဲ့...