ကျိုက်ထိုမှာ ရဲတပ်ဖွဲ့ဝင်တချို့ဖမ်းဆီးခံရပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း အဖမ်းခံရ

ကျိုက်ထိုမှာ ရဲတပ်ဖွဲ့ဝင်တချို့ဖမ်းဆီးခံရပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း အဖမ်းခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်းရေတံခွန်မှာ ရဲတပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက ရေလာကစားသူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က ကဒက်ချောင်းရေတံခွန် အရက်ဆိုင်တစ်ခုမှာ အရက်ထိုင်သောက်နေတဲ့ ကျိုက်ထိုရဲစခန်းက နယ်ထိန်းရဲတပ်ကြပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုက ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်အင်အား ၄၀ နီးပါးဟာ ကားသုံးစီးနဲ့ ရောက်ရှိလာပြီးနောက် ကဒက်ချောင်းရေတံခွန်မှာ ရေကစားနေသူ အမျိုသား ၁၀ ဦးထက်မ နည်း ဖမ်းဆီးခေါ် ဆောင်သွားပါတယ်။

ရေကစားသူတချို့ ဖမ်းဆီးခံရပြီးနောက် ကဒက်ချောင်းရေတံခွန်က ဈေးဆိုင်အများစု ပိတ်သိမ်းခဲ့သလို ရေလာကစားသူတွေလည်း ကြောက်လန့်ပြီး ပြန်သွားကြတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

စစ်ကောင်စီဘက်က ဖမ်းဆီးသွားတဲ့သူတွေကိုတော့ ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ်ထဲ ဖမ်းဆီးခေါ် ဆောင်သွားပြီး အဲဒီထဲမှာ ဘယ်သူဘယ်ဝါတွေ ပါဝင်တယ်ဆိုတာသိရဖို့ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ကျိုက်ထိုရဲစခန်းက နယ်ထိန်းရဲတပ်ကြပ်အပါအဝင် ရဲတပ်ဖွဲ့သုံးဦးဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ကလည်း ကျိုက်ထိုမြို့ မှာ ဖက္ကလိပ်ကျေးရွာနေ ဒေသခံ ကိုမြတ်သူကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် PDF စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇူလိုင် ၆ ရက်နေ့ထုတ် အစီ ရင်ခံစာရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ လူပေါင်း ၂၆၀၀၀ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ၂၀၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...