တီးတိန်မြို့နယ်တုန်းဇံကျေးရွာမှာ ZRA EC မှ ၁၂ နှစ် ဝန်းကျင် ကလေးသူငယ် ၈ ဦး ကိုခေါ်ဆောင်သွားပြီး၊ကလေးစစ်သား ကိစ္စ ဒေသခံများ ပိုမို စိုးရိမ် လာကြ

တီးတိန်မြို့နယ်တုန်းဇံကျေးရွာမှာ ZRA EC မှ ၁၂ နှစ် ဝန်းကျင် ကလေးသူငယ် ၈ ဦး ကိုခေါ်ဆောင်သွားပြီး၊ကလေးစစ်သား ကိစ္စ ဒေသခံများ ပိုမို စိုးရိမ် လာကြ

ဇူလိုင်လ ၆ ရက်နေ့မှာ  တီးတိန်မြို့နယ် တုန်းဇံကျေးရွာမှာ Zomi Revolution Army- Eastern Command (ZRA-EC) တပ်ဖွဲ့များ ရွာထဲ ဝင်ရောက်ကာ စစ်မှုထမ်းဖို့ အသက် ၁၂ နှစ် ဝန်းကျင် ကလေးသူငယ် ၈ ယောက်ကို ခေါ်ဆောင်ခဲ့သည့် အတွက် လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ကလေးစစ်သားများ ပိုမို အသုံးပြုလာကြမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း တီးတိန်မြို့နယ် ဒေသခံ လူငယ် တစ်ဦးက Chin World Media ကို ပြောပါတယ်။  

“ တုန်းဇံရွာက ကလေး ၈ ယောက်ထဲမှာ တစ်ယောက်က ဖျားပြီး အိပ်ယာပေါ်မှာ လဲ နေတာ။ သူ့ကိုပါ ခေါ်သွားတော့ ကလေးရဲ့ အမေလဲ မူးလဲ ပြီး သတိလစ်သွားတယ်။ ဇူလိုင်လ ၇ ရက်နေ့မှာလည်း တုန်းဇံရွာသား လူရွယ်တွေကို မဲ နှိုက်ပြီး ZRA-EC မှာ စစ်မှုထမ်းဖို့ နောက်ထပ် ၁၁ ယောက် ထပ်ရွေးခဲ့တယ်။ ကျီခါး မြို့ပေါ်မှာလည်း တစ်အိမ်တက် တစ်အိမ်ဆင်းပြီး စစ်မှုထမ်းမယ့် စာရင်းတွေ လိုက်ကောက်တယ်လို့ ပြောကြတယ်၊ရွာခံတွေ အနေနဲ့တော့ ကလေးသူငယ်တွေ ပြန်လာစေချင်တယ် လို့ ပြောကြတယ်။

ရွာထဲရှိ တခြား ကလေးသူငယ်တွေကိုလည်း တခြား ဒေသကို တိမ်းရှောင် ဖို့ ပို့ သင့် မသင့် ဆွေးနွေး နေကြတယ်။ ရွာခံတွေရော အနီးအနား ရွာတွေပါ ထိတ်လန့် နေကြတယ်” လို့လည်း လက်ရှိ အခြေအနေ အပေါ် အဆိုပါတီးတိန်ဒေသခံလူငယ်ကပြောပါတယ်။

မြို့နယ်တွင်း ကလေးငယ်များ စစ်မှုထမ်းမှု အခြေအနေ နှင့် ပတ်သက်ပြီး “တချို့ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်း တွေကလည်း ကလေးစစ်သားတွေ အသုံးပြုတာ၊ စစ်သား အဖြစ် လက်ခံတွေ ရှိနေတယ်။ တိုက်ပွဲမှာ ကျဆုံးတဲ့ တချို့ လူငယ်တွေရဲ့ နောက်ကြောင်းကို စုံစမ်း ကြည့်တော့ အသက် ၁၈ မပြည့်သေးတာတွေ တွေ့ရတယ်။ တုန်းဇံရွာ ကိစ္စ မပေါ်ခင် ထိတော့ ကလေးတွေက သူတို့ ဆန္ဒ နှင့် သူတို့ ထွက်သွားပြီး တော်လှန်ရေး အုပ်စုတွေကို ခိုလုံကြတာ များတယ်။ တချို့ ကလေးတွေက ပြန်လာနိုင် ကြတယ်။

တချို့ ကလေးတွေကျတော့ မိဘတွေက ပြန်ခေါ်ချင် ပေမယ့် ခေါ်လို့ မရတာတွေလည်း ရှိတယ်” လို့ အဆိုပါတီးတိန်ဒေသခံလူငယ်ရဲ့ပြောကြားချက်အရသိရပါတယ်။

လက်ရှိမှာ တီးတိန်မြို့နယ် အတွင်းမဗာ PDF-Zoland, CDF CDM-Siyin, PDA, CDF-Hualngoram နှင့် ZRA-EC စသည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အခြေချ လှုပ်ရှားလျက် ရှိပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...