စံကားဒေသရှိ PNOဂိတ် တိုက်ခိုက်ခံရ၊ PNOတပ်သားသုံးဦးသေ

စံကားဒေသရှိ PNOဂိတ် တိုက်ခိုက်ခံရ၊ PNOတပ်သားသုံးဦးသေ

ညောင်ရွှေမြို့နယ် စံကားဒေသ လုံကန်ရွာ အနီးရှိ နမ်းဟူးရွာလမ်ဆုံတွင်ရှိသောလမ်းဆုံတွင်ရှိသော ဦးခွန်ဇော့ ဦးဆောင်သည့် ပအိုဝ်းပြည်သူ့စစ်ဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဇွန် (၁၅) ရက် နံနက် ၈ နာရီအချိန်တွင်  သွားရောက်တိုက်ခိုက်ခဲ့ပြီး PNO ပြည်သူ့စစ် တပ်သားသုံးဦးသေဆုံးခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားသုံးဦးထံမှ သေနတ်အရှည်သုံးလက်၊ သေနတ်တိုတစ်လက်နှင့် တစ်ခြားဆက်စပ်ပစ္စည်း များလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ် သားများက သိမ်းဆည်းရမိခဲ့သည်။

“ အဲဂိတ်က အရမ်းဆိုးတယ်။ဖြတ်သန်းသွာလာနေတဲ့ပြည်သူကို ငွေညှစ်တာ ၊ရစ်တာဟောက်တာအရမ်းလုပ်တယ်။ ပြည်သူတွေ တိုင်လာတာလည်း များပြီး အဲဒါကြောင့် လာရောက်တိုက်ခိုက်တာဖြစ်တယ်” ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သေဆုံးသွားသောစစ်သားသုံးဦးအလောင်းကိုလည်း PNO တပ်သားများက လာရောက် ကောက်ယူခြင်းမရှိဘဲ ထီကာရွာနှင့် နမ်းဟူးရွာဒေသခံများက ကောက်ယူပေးရကြောင်း သိရသည်။

“ ရွာသားတွေသွားကောက်ပေးရတယ်။သေဆုံးသွားတဲ့PNOတပ်သားသုံးဦးထဲမှာမှ ခွန်စိုးမင်းက ၁၅ရက်စစ်သင်တန်းတက်ထားတဲ့ သူဖြစ်တယ်။ သေဆုံးသူတွေကိုPNOတာဝန်ရှိသူတွေက ခုထိလာမကြည့်သေးပါဘူး ” လို့ ထီကာရွာ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းဂိတ်သည် သွားလာဖြတ်သွားသော ပြည်သူများ၏ ပစ္စည်းများသိမ်းယူခြင်းငွေကြေးအတင်းအဓမ္မတောင်းခံခြင်း၊ ဖယ်ခုံ ၊ မိုးဗြဲ လွိုင်ကော်ဖက်မှစစ်ဘေးရှောင်များထံ ငွေညှစ်ခြင်း၊ တံငါသည်များအားငွေတာင်းခံခြင်း ၊ မိုးဦးရွာတွင်ကုန်ကားတစ်စီးလျှင် ၁၀ သိန်း အထိဒါဏ်ရိုက်ခြင်းများပြုလုပ်နေကြောင်းသိရသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...