ညောင်ရွှေမြို့နယ် စံကားဒေသ လုံကန်ရွာ အနီးရှိ နမ်းဟူးရွာလမ်ဆုံတွင်ရှိသောလမ်းဆုံတွင်ရှိသော ဦးခွန်ဇော့ ဦးဆောင်သည့် ပအိုဝ်းပြည်သူ့စစ်ဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဇွန် (၁၅) ရက် နံနက် ၈ နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး PNO ပြည်သူ့စစ် တပ်သားသုံးဦးသေဆုံးခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ထိုတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားသုံးဦးထံမှ သေနတ်အရှည်သုံးလက်၊ သေနတ်တိုတစ်လက်နှင့် တစ်ခြားဆက်စပ်ပစ္စည်း များလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ် သားများက သိမ်းဆည်းရမိခဲ့သည်။
“ အဲဂိတ်က အရမ်းဆိုးတယ်။ဖြတ်သန်းသွာလာနေတဲ့ပြည်သူကို ငွေညှစ်တာ ၊ရစ်တာဟောက်တာအရမ်းလုပ်တယ်။ ပြည်သူတွေ တိုင်လာတာလည်း များပြီး အဲဒါကြောင့် လာရောက်တိုက်ခိုက်တာဖြစ်တယ်” ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
သေဆုံးသွားသောစစ်သားသုံးဦးအလောင်းကိုလည်း PNO တပ်သားများက လာရောက် ကောက်ယူခြင်းမရှိဘဲ ထီကာရွာနှင့် နမ်းဟူးရွာဒေသခံများက ကောက်ယူပေးရကြောင်း သိရသည်။
“ ရွာသားတွေသွားကောက်ပေးရတယ်။သေဆုံးသွားတဲ့PNOတပ်သားသုံးဦးထဲမှာမှ ခွန်စိုးမင်းက ၁၅ရက်စစ်သင်တန်းတက်ထားတဲ့ သူဖြစ်တယ်။ သေဆုံးသူတွေကိုPNOတာဝန်ရှိသူတွေက ခုထိလာမကြည့်သေးပါဘူး ” လို့ ထီကာရွာ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းဂိတ်သည် သွားလာဖြတ်သွားသော ပြည်သူများ၏ ပစ္စည်းများသိမ်းယူခြင်းငွေကြေးအတင်းအဓမ္မတောင်းခံခြင်း၊ ဖယ်ခုံ ၊ မိုးဗြဲ လွိုင်ကော်ဖက်မှစစ်ဘေးရှောင်များထံ ငွေညှစ်ခြင်း၊ တံငါသည်များအားငွေတာင်းခံခြင်း ၊ မိုးဦးရွာတွင်ကုန်ကားတစ်စီးလျှင် ၁၀ သိန်း အထိဒါဏ်ရိုက်ခြင်းများပြုလုပ်နေကြောင်းသိရသည်။







