ရေးမှာ စစ်ကောင်စီကားသုံးစီး မီးရှို့ဖျက်ဆီးခံရလို့ ဒေသခံတွေထံ လျော်ကြေးတောင်းခံ

ရေးမှာ စစ်ကောင်စီကားသုံးစီး မီးရှို့ဖျက်ဆီးခံရလို့ ဒေသခံတွေထံ လျော်ကြေးတောင်းခံ

မွန်ပြည်နယ် ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်စု ကူးတို့ဆိပ်ထံ စစ်ကူလာတဲ့ စစ်ကောင်စီကားသုံးစီး မီးရှို့ ဖျက်ဆီးခံရတဲ့အတွက် စစ်ကောင်စီတပ်က ဒေသခံတွေဆီကနေ ငွေကျပ်သိန်း ၂၀၀ လျော် ကြေးတောင်းခံထားတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ မေ ၃ ရက်နေ့က ကုလားဂုတ်ကျွန်းတိုက်ပွဲအတွက် လမိုင်းမြို့ကနေ အိမ်စီးကားသုံးစီးနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားတွေကို ကော့ဒွတ်ကျေးရွာ ကူးတို့ဆိပ်မှာ ရပ်ထားပြီး ကုလားဂုတ်ကျွန်းသို့ စက်လှေတွေနဲ့ စစ်ကူသွားရောက်ခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီရဲ့ ကားသုံးစီးကို တော်လှန်ရေအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကနေ ဓါတ်ဆီလောင်းပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ကားသုံးစီးလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်ကူကားတွေ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ စစ်ကောင်စီတပ်က ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် မီးရှို့ ဖျက်ဆီးလိုက်ရတဲ့ ကားတွေအတွက် ကျေးရွာကနေ ကျပ်သိန်း ၂၀၀ ကျော် လျော် ကြေးတောင်းခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လျော်ကြေးတောင်းခံမှုကို ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံတွေထံ အသိပေး အကြောင်းကြားထားပြီး ဒေသခံအများစုက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခံရမှာ စိုးရိမ်တဲ့အတွက် လျော်ကြေးပေးဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

ဒေသခံတွေထံ လျော်ကြေးတောင်းခံထားတဲ့ စစ်ကောင်စီတပ်တွေဟာ လမိုင်းမြို့အခြေစိုက်တပ် ရင်းတွေဖြစ်တဲ့ ခလရ ၁၀၆ တပ်ရင်းနဲ့ ခမရ ၅၈၈ တပ်ရင်းတွေလည်း ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ စစ်ကောင်စီကားသုံးစီးဟာ ဟွန်ဒါဖစ် ၂ စီးနဲ့ ပရိုဘောက် ၁ စီးတို့ဖြစ်ပြီး  လိုင်စင်မဲ့ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကုလားဂုတ်ကျွန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၉ ဦး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲ ယမ်းတွေကိုလည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ နေအိမ်တွေအ ပါအဝင် ရော်ဘာခြံတွေလည်း မီးလောင်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...