ရေးမြို့နယ် ကုလားကုတ်ကျွန်းရှိ စစ်ကောင်စီရေတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ

ရေးမြို့နယ် ကုလားကုတ်ကျွန်းရှိ စစ်ကောင်စီရေတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ် ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီရေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လေယာဉ်နဲ့အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသ ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီရေတပ်စခန်းကို မေ ၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် မေ ၃ ရက်နေ့ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက် အရာရှိတစ်ဦး သေဆုံးပြီး တပ်ဖွဲ့ဝင်တွေတချို့ ဖမ်းဆီးခံလိုက်ရသလို လက်နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးအင်အားစုပေါင်းတပ်ဖွဲ့တွေက သိမ်း ဆည်းနိုင်ခဲ့တာပါ။

ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီရေတပ်စခန်း စီးနင်းခံရပြီးနောက် စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတာ၊ ရေတပ်စစ်သင်္ဘောတွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုတွေ လုပ် ဆောင်နေပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကုလားဂုတ်ကျွန်းက နေအိမ်တချို့ပျက်စီးတာရှိသလို နှစ်ကရင်ကျေးရွာအုပ်စု ကာဆိပ်ပိုင်းက ဒေသခံနေအိမ်တွေနဲ့ ရော်ဘာခြံတွေလည်း မီးလောင်ပျက်စီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ကုလားဂုတ်ကျွန်းတိုက်ပွဲကြောင့် ဒေသခံတွေဟာ နီးစပ်ရာဘုန်းကြီးကျောင်းတွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန် နေရပ်မပြန်ရဲကြသေးပါဘူး။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကုလားဂုတ်ကျွန်းကို လမိုင်းကနေ စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော် စစ်ကူပို့ဆောင်နေပြီး မောရဝတီရေတပ်ကလည်း ကျွန်းကို ဝိုင်းထားကာ ပင်လယ်အတွင်း သွားလာနေတဲ့ လှေမှန်သမျှ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကုလားဂုတ်ကျွန်း တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို မကြာမီထုတ်ပြန်ပေးမယ်လို့ စစ်ဆင်ရေးမှာ ပါ ဝင်တဲ့ ဒေါနစစ်ကြောင်း စစ်ဆင်ရေးမှူးကိုရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ရေးမြို့နယ် ကိုးမိုင်ကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၉၉ တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအ တွင်း နှစ်ဖက်ထိခိုက် သေဆုံးတာတွေ ရှိခဲ့ပါတယ်။

Most read this week

December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...
December 8, 2025
အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ မရှိခဲ့ပေမယ့်...