သံတွဲသူဌေး ရေအားလျှပ်စစ်စီမံကိန်းထဲကို လက်နက်ကြီးကျည်တွေကျရောက်လာတဲ့အတွက် တရုတ်အင်ဂျင်နီယာတွေအပါအဝင် ဝန်ထမ်းတွေ စီမံကိန်းကို စွန့်ခွာ

သံတွဲသူဌေး ရေအားလျှပ်စစ်စီမံကိန်းထဲကို လက်နက်ကြီးကျည်တွေကျရောက်လာတဲ့အတွက် တရုတ်အင်ဂျင်နီယာတွေအပါအဝင် ဝန်ထမ်းတွေ စီမံကိန်းကို စွန့်ခွာ

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအထဲကို တိုက်ပွဲထဲက လက်နက်ကြီး ကျည်တွေ ကျရောက်လာတဲ့အတွက် အဲဒီမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်အင်ဂျင်နီယာတွေ အပါအဝင် တရုတ် ဝန်ထမ်းတွေ စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာဝန်ထမ်းတွေဟာ ဧပြီ ၂၆ ရက်နေ့က စခန်းကို စွန့်ခွာသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံ တစ်ဦးကတော့  “  သူဌေးရေးအားလျှပ်စစ်စီမံကိန်းမှာ လာရောက်လုပ်ကိုင်နေတဲ့ တရုတ် အင်ဂျင်နီယာတွေ အပါအဝင် တရုတ်ဝန်ထမ်း ၃၀ လောက်က မနေ့ကတည်းက စီမံကိန်းကနေ ပြောင်းပြေးကြတယ်။ လက်ရှိသံတွဲက ဟိုတည်တွေမှာ တည်းခိုနေတယ်သိရပါတယ်” လို့  နိရဉ္စရာသတင်းဌာနကို  ပြောဆိုပါတယ်။

ဒီသူဌေးရေအားလျွှပ်စစ် စီမံကိန်းဟာ သံတွဲမြို့ အရှေ့မြောက်ဘက် (၁၂ ) မိုင် အကွာမှာ တည်ရှိပြီး နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ ခန့်မှန်းပါတယ်။ ဒီစီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်ကတည်းက စတင် တည်ဆောက်ခဲ့ပြီး ၁၅နှစ်ကျော်ကြာတဲ့အထိ မပီးနိုင်သေးတဲ့ မြန်မာနိုင်ငံ အရှည်ကြာဆုံးစီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။

“လေယာဉ်ဖြင့်ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လျှင် ကျည်ဆံဖြင့်သာတုံ့ပြန်မည်” ဟု AA ပြော
June 30, 2026
ခိုင်လူလှ (ရိုးမမြေ) — စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်လျှင်...
June 29, 2026
၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲ၏ တစ်နိုင်ငံလုံးပထမနေရာကို ရခိုင်သူမသီရိစိုး(မနတ-၆၇၀)က ၆ ဘာသာဂုဏ်ထူး (...