ဘူးသီးတောင်မြို့တွင် စစ်ကောင်စီရှို့မီးကြောင့် ပျက်စီးသွားသည့်နေအိမ် ထောင်ချီရှိနေ

ဘူးသီးတောင်မြို့တွင် စစ်ကောင်စီရှို့မီးကြောင့် ပျက်စီးသွားသည့်နေအိမ် ထောင်ချီရှိနေ
ဘူးသီးတောင်မြို့တွင် စစ်ကောင်စီရှို့မီးကြောင့် ပျက်စီးသွားသည့် နေအိမ်များ။ ဓာတ်ပုံ - Soe Pyae Nyo
ဘူးသီးတောင်မြို့တွင် စစ်ကောင်စီရှို့မီးကြောင့် ပျက်စီးသွားသည့် နေအိမ်များ။ ဓာတ်ပုံ - Soe Pyae Nyo

ဘူးသီးတောင်မြို့တွင် စစ်ကောင်စီရှို့မီးကြောင့် ပျက်စီးသွားသည့် နေအိမ်များ။ ဓာတ်ပုံ - Soe Pyae Nyo

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် စစ်ကောင်စီတပ်နှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များ ပူးပေါင်းဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ် ထောင်ချီရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဘူးသီးတောင်မြို့ အမှတ် (၃)၊ အမှတ် (၄)၊ အမှတ် (၅)၊ အမှတ် (၇) စသည့် ရပ်ကွက်မှ နေအိမ်များပျက်စီးသွားပြီး ယင်းအထဲတွင် ရခိုင်၊ မွတ်ဆလင်နှင့် ဟိန္ဒူဘာသာဝင်များ၏ နေအိမ်များပါဝင်ကြောင်း သိရသည်။

“ရခိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ မွတ်ဆလင်နေအိမ်နဲ့ တခြားနေအိမ်တွေဆိုရင် မီးမရှို့ဘဲ ဘူဒိုဇာနဲ့ ဖျက်ဆီးတယ်။ ဒါကြောင့် နေအိမ်အများအပြား ပျက်စီးသွားတာ” ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေမှုကြောင့် ပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး မြို့ပေါ်၌ လူအနည်းအကျဉ်းသာ ကျန်ရှိခဲ့ကြောင်း သိရသည်။

“ဘူဒိုဇာနဲ့ဖျက်ဆီးလိုက်တာမှာ ကျမတို့နေအိမ်လည်း ပါသွားတယ်။ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း အကုန်လုံးယူသွားကြတယ်လို့ သိရတယ်” ဟု ဘူးသီးတောင်မြို့မှ ထွက်ပြေးလာသူတစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့တွင် ဧပြီလ ၁၁ ရက်မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း မွတ်ဆလင်များ ပူးပေါင်းပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဧပြီလ ၁၅ ရက်က ဘူးသီးတောင်မြို့အခြေစိုက် နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF) ရုံးခန်းနှင့် ဆေးပေးခန်း မီးရှို့ခံခဲ့ရသဖြင့် ဆေးဖက်ဆိုင်ရာနှင့် ရုံးအသုံးအဆောင်ပစ္စည်းများ မီးလောင်သွားသည့်အပြင် အနီးပတ်ဝန်းကျင်ရှိ နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ကြောင်း MSF မှ ထုတ်ပြန်ထားသည်။

ရခိုင်ဒေသတွင် စစ်ရှုံးနေသောစစ်ကောင်စီသည် ပြည်သူများ၏ အသက်အိုးအိမ်များအပေါ် ပစ်မှတ်ထားကာ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေပြီး တစ်ဖက်တွင် လူမျိုးရေးပဋိပက္ခများကိုပါ ဖန်းတီးလျက်ရှိသည်။

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့(FRC) ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က “စစ်ကောင်စီက ရိုဟင်ဂျာ(မွတ်ဆလင်)တွေကို အတင်းအမ္မခေါ်ဆောင်ပြီး စစ်သင်တန်းပေးတယ်။ ပြီးရင် အခုလို နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ အထင်အမြင်လွဲစရာတွေဖြစ်အောင် တမင်သက်သက် လုပ်ဆောင်တယ်။ အခုလည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်” ဟု DMG ကို ပြောသည်။

လက်ရှိတွင် ဘူးသီးတောင်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် AA က ထိုးစစ်အရှိန် မြှင့်တင်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...