ရန်ကုန်မှ နေရပ်မပြန်နိုင်ကြသော ရခိုင်တက္ကသိုလ်ကျောင်းသားများအား ရခိုင်သဟာယအသင်းက ကူညီထောက်ပံ့

ရန်ကုန်မှ နေရပ်မပြန်နိုင်ကြသော ရခိုင်တက္ကသိုလ်ကျောင်းသားများအား ရခိုင်သဟာယအသင်းက ကူညီထောက်ပံ့
ဓာတ်ပုံ- Rakhine Thahaya Yangon Page
ဓာတ်ပုံ- Rakhine Thahaya Yangon Page

ရန်ကုန်မှ နေရပ်မပြန်နိုင်ကြသော ရခိုင် တက္ကသိုလ်ကျောင်းသားများအား ရခိုင်သဟာယအသင်းက မိတ်ဖက်အသင်းများနှင့် ပူးပေါင်းကာ ကူညီပေးခဲ့ကြောင်း Rakhine Thahaya Yangon Page မှ ဧပြီလ ၉ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

ကျောင်းပိတ်ကာလဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိူင်ဘဲ သက်ဆိုင်ရာတက္ကသိုလ်အလိုက် အဆောင်များ၌ ဆက်လက်နေထိုင်လျက်ရှိကြသော တက္ကသိုလ်ကျောင်းသူ/ကျောင်းသားများသည် အထူးသဖြင့် စားရေးသောက်ရေးအခက်အခဲများ ကြုံတွေ့နေကြရသောကြောင့်  ရခိုင်သဟာယအသင်းက မိတ်ဖက်အသင်းများနှင့်လက်တွဲပြီး ရံပုံငွေရှာဖွေကာထောက်ပံ့ခဲ့ကြောင်းသိရသည်။

အဆိုပါကျောင်းသားများအားကူညီထောက်ပံ့နိူင်ရေးအစီအစဥ်ကိုဆောင်ရွက်လျက်ရှိရာဧပြီလ ၂ ရက်နေ့တွင် ရန်ကင်းပညာရေးကောလိပ်ရှိ ကျောင်းသူကျောင်းသားများ စားရေးသောက်ရေးအတွက် ကျပ်သိန်း(၂၀) သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထို့အတူ ဧပြီလ ၈  နေ့တွင် ပညာရေး တက္ကသိုလ် အုန်းတော.ကျောင်းသူဆောင်ရှိ ၈၀ ဦးအတွက် ဆန် ၂၃ သိန်းဘိုးနှင့်  အရေးပေါ်ထောက်ပံ့ငွေ ၄၅၀၀၀၀ ကျပ်အားပေးလှူခဲ့ပြီး ဧပြီလ ၉ရက် နေ့တွင် ပထမအသုတ်အဖြစ် ဆန် အိတ် ၂၀ နှင့်မီးသွေး၊ထမင်းအိုး အတွက် ၁၀၀၀၀၀ ကျပ်အရောက်ပို့လှူဒါန်းခဲ့ကြောင်းသိရသည်။

ထို့အပြင် ဧပြီလ ၉ရက် နေ့တွင် ပညာရေးတက္ကသိုလ် ဒူးယားကျောင်းသားဆောင်ရှိ ကျောင်းသား၁၂၄ ဦးအတွက် ပထမအသုတ် ဆန် ၃၀ အိတ် ပို့ဆောင်လှူဒါန်းခဲ့ပြီး သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ် ကျောင်းသား/သူ ၇၂ ဦးအတွက် ဆန် ၁၂ အိတ် အရေးပေါ်သွားရောက်လှူဒါန်းခဲ့ကြောင်းလည်းသိရသည်။

အလှူရှင်များအနေနှင့် ဆန်(၂၄)ပြည်တစ်အိတ်လျှင် ၁၂၀၀၀၀ိ နှုန်း၊ ဆန်(၁၂)ပြည်တစ်အိတ်လျှင် ၆၀၀၀၀ိ နှုန်း ဖြင့်ပါဝင်လှူဒါန်းနိူင်ကြပါကြောင်းလည်း Rakhine Thahaya Yangon Page မှ အသိပေးနှိုးဆော်ထားသည်။

ထို့အပြင်ကျန်တက္ကသိုလ်များရှိအိမ်မပြန်နိုင်သော၊အခက်အခဲရှိနေသောအဆောင်နေ ကျောင်းသူ များကိုလည်း တတ်နိုင်သမျှကြိုးစားထောက့်ပံ့သွားမည်ဖြစ်ပြီး  အခက်အခဲရှိနေသောတခြားတိုင်းရင်းသား အဆောင်နေကျောင်းသား/သူ များကိုလည်း မိမိရရှိထားသော ဆန်များမှ မျှဝေ သုံးစွဲချက်ပြုတ်ကြမည်ဖြစ်ကြောင်းသိရသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...