မောင်တောတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းတချို့ ထွက်ပြေးသွား

မောင်တောတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းတချို့ ထွက်ပြေးသွား

ရခိုင်ပြည်၊ မောင်တောမြို့တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ၏ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတချို့ ထွက်ပြေးသွားကြကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးမှာ ဧပြီလ ၅ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းတချို့နှင့်အတူ တာဝန်ထမ်းဆောင်ရာနေရာမှ ထွက်ပြေးသွားခြင်းဖြစ်သည်။

“ခရိုင်မှူးနဲ့ နောက်ထပ် ဝန်ထမ်းအရာရှိတချို့ပါတယ်လို့ သိရတယ်။ မနေ့က ထွက်ပြေးသွားတာ။ ထွက်ပြေးတဲ့အချိန်မှာ လက်နက်တချို့ကိုလည်း ယူသွားတယ်လို့ သိရတယ်။ ဘယ်ကိုထွက်ပြေးသွားတာလဲတော့ ကျနော်လည်း မသိဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများမှာ မည်သည့်နေရာ၌ ခိုလှုံနေသည်ကို မသိရှိရဘဲ ယခုကဲ့သို့ ထွက်ပြေးသွားသဖြင့် မောင်တောတွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားပြီဟု ဒေသခံများက ပြောဆိုနေကြသည်။

လက်ရှိတွင် မောင်တောခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်အရှိန်အဟုန်မြှင့်ကာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေသည်။

တိုက်ပွဲများကြောင့် မြို့နေလူထုအများစုမှာ လုံခြုံရေးစိုးရိမ်ချက်ဖြင့် ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေကြသော်လည်း အနည်းစုမှာ အခက်အခဲအမျိုးမျိုးကြောင့် မြို့ပေါ်၌ ကျန်ရှိနေသေးသည်။

“ကျမတို့ ထွက်ပြေးလာကြတာ ၅ ရက်လောက်ရှိပြီ။ မောင်တောမြို့မှာ အခြေအနေမကောင်းတော့ဘူး။ မြို့ပေါ်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး စစ်အင်အားတိုးတာတွေရှိတော့ မနေရဲကြတော့ဘူး။ နယ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်” ဟု မောင်တောမြို့မှ ထွက်ပြေးသူအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲလေးလကျော်အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ရာနှင့်ချီအပါအဝင် မြို့နယ် ၉ ခုကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ရခိုင်စစ်ရေးကာလအတွင်း စစ်ဘက်၊ ရဲဘက်အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများမှာ တာဝန်ထမ်းဆောင်နေရာမှ ထွက်ပြေးမှုဖြစ်စဉ်များ အများအပြားရှိနေသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်ကလည်း ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ မြို့မရဲစခန်းမှူးမှာ တာဝန်ထမ်းဆောင်ရာနေရာမှ ထွက်ပြေးသွားခဲ့သည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...