စစ်တွေတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးနှင့် မိသားစုဝင်များကို စစ်ကောင်စီ ဖမ်းဆီး

စစ်တွေတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးနှင့် မိသားစုဝင်များကို စစ်ကောင်စီ ဖမ်းဆီး

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးနှင့် မိသားစုဝင်များကို စစ်ကောင်စီက  ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ  စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက် အကွက်(၁)မှ အုပ်ချုပ်ရေးမှူးဟောင်း ဦးသိန်းရွှေမောင်နှင့် သမီး ၂ ဦး၊ သမက် ၂ ဦးနှင့် မြေးမ ၂ ဦးဖြစ်ကြသည်။  ၎င်းတို့ကို ယမန်နေ့ မတ်လ ၂၄ရက် ည ၉နာရီခွဲခန့်က နေအိမ်သို့ဝင်ရောက်ပြီး ဖမ်းဆီးသွားသည်ဟု စစ်တွေမြို့ခံ အုပ်ချုပ်ရေးမှူးတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ သူက အုပ်ချုပ်ရေးမှူးအဟောင်းပေါ့နော်။ သူ့မှာ သားတစ်ယောက်က ULA/AA အထဲမှာရှိတယ်ဆိုပြီး ဖမ်းသွားတာ။ မိသားစုဝင်တွေအကုန်လုံး ကလေးပါမကျန်။ ရဲကဖမ်းတာမဟုတ်ဘူး။ မိသားစုက ၆ ယောက် သမီးလင်မယား နှစ်တွဲနဲ့  သားအကြီးဆုံးရဲ့သမီးလေး အပျိုအရွယ်လောက်ရှိတယ်။ စစ်သား  အယောက် နှစ်ဆယ်ကျော် သုံးဆယ်လောက်ပါမယ်ထင်တယ်” ဟုပြော သည်။

ယခုသူတို့အား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မသိရသေးဟု ဆိုသည်။

“  ခလရ ၂၀ ကိုခေါ်တာလား။ ရဲစခန်းမှာလား မသိဘူး။ သူတို့က ကြုံရင်ကြုံသလိုဖမ်းနေတာ။ ဘာအကြောင်း ပြချက်မှ မပေးဘူး “ ဟုပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများအတွက် စိုးရိမ်စရာဖြစ်နေသည်ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့်ရဲတို့မှ  စစ်တွေမှ နယ်မြို့များကို စက်လှေဖြင့်သွားလာသည့် ခရီးသည်များကိုလည်း မကြာခဏ ဖမ်းဆီးမှုများရှိပြီး ကျေးရွာများမှ လူငယ်၊လူလတ်ပိုင်းနှင့် သက်ကြီးပိုင်းအရွယ် အမျိုးသားများကိုလည်း အကြောင်းမဲ့ဖမ်းဆီးမှုများရှိနေပြီး ဖမ်းဆီးသူ အရေအတွက်ကို မသိရဟု  မြို့ခံများကပြောသည်။

စစ်တွေမြို့တွင် ဖေဖော်ဝါရီနောက်ဆုံးအပတ်နှင့် မတ်လ လဆန်းပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်စျေးများကို စစ်ကောင်စီမှ လက်နက်ကြီးကျည်များ ပစ်ခတ်၍ အပြစ်မဲ့ပြည်သူ ၃၀နီးပါးသေဆုံးခဲ့ရသည့် အချိန်မှစ၍   ဝန်ထမ်းများအပါအဝင် မြို့ခံများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...