မောင်တောခရိုင်ဆေးရုံအုပ် ဒေါက်တာနုကေသီစံနှင့် သမားတော်တစ်ဦးကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

မောင်တောခရိုင်ဆေးရုံအုပ် ဒေါက်တာနုကေသီစံနှင့် သမားတော်တစ်ဦးကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

ရခိုင်ပြည်၊ မောင်တောမြို့ ခရိုင်ပြည့်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်‌ဒေါက်တာ နုကေသီစံနှင့် သမားတော် ဒေါက်တာအောင်နိုင်လင်းတို့ကို စစ်ကောင်စီမှ ပြီးခဲ့သည့် ရက်အနည်းက ဖမ်းဝရမ်း ထုတ်ခဲ့သည်ဟု သတင်းရရှိသည်။

မောင်တောမြို့ခံတစ်ဦးက  “ ဒီလအတွင်းက ဆေးရုံဝန်ထမ်းတွေကို စစ်တွေကို သွားဖို့ စစ်ကောင်စီက အတင်းဖိအားပေးခဲ့တယ်။ ဒီလို လုပ်ရပ်တွေကြောင့် ဆေးရုံ အုပ်ကြီးနဲ့ဆေးရုံဝန်ထမ်း တချို့က ကိုယ်လွတ်မြောက်ရာကို ထွက်ပြေးကြတာပေ့ါနော်။ ဒါကြောင့် စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်လိုက်တာ” ဟု နိရဥ္စရာသတင်းဌာန ကိုပြောသည်။

စစ်ကောင်စီသည် မောင်တောခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တပ်စွဲ စခန်းချရန်အတွက် ဆေးရုံအား အတင်းပိတ်ခိုင်းပြီး ဆရာဝန်များနှင့် ဝန်ထမ်းများကို ဆေးရုံမှ အတင်းနှင်ထုတ်ခဲ့သည်ဟု သိရှိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည်  ဆေးရုံတစ်ခုလုံးတွင်တပ်စွဲထားပြီး ကျန်းမာရေး ဝန်ထမ်းများမှာလည်း စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မောင်တောမြို့မှကျန်းမာရေး ဝန်ထမ်းတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“ အခု ဆေးရုံမှာ စစ်သားတွေအပြည့်ပဲ။ ဝန်ထမ်းတွေကို နှင်ထုတ်တယ်။ အခု ဝန်ထမ်းတွေ မရှိတော့ဘူး။ စစ်သားတွေပဲရှိတော့တယ်” ဟုပြောသည်။

ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်ကို ဆေးကုသပေးသည်ဟုဆိုကာ စစ်ကောင်စီက ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဝန်ထမ်းများကိုနှင်ထုတ်ကာ ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဝရမ်းထုတ်ခြင်းဖြစ်သည် ၄င်းကပြောသည်။

“ အေအေကို ဆေးကုသပေးတယ်ဆိုပြီး လာရောက်စစ်ဆေးတာတွေရှိခဲ့တယ်။ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း အတင်းအကျပ် စစ်တွေကိုသွားခိုင်းတယ်။ မသွားရင် ဖမ်းဝရမ်းထုတ်တယ်” ဟုပြောသည်။

မောင်တောမြို့ရှိ ပြည်သူ့ဆေးရုံကြီးကို စစ်စခန်းလုပ်ရန်အတွက်  မတ်လ ၄ ရက်နေ့က အပြီးသတ် ပိတ်သိမ်းခဲ့သည်ဟု  သိရသည်။

ယခုကဲ့သို့ မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးကို ပိတ်ထားလိုက်ရသဖြင့် ကျန်းမာရေး မကောင်းသူ ဒေသခံပြည်သူများအနေဖြင့် ဆေးဝါးကုသရန် အထူးအခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

မောင်တောမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး စခန်းအများကိုလည်း အေအေမှ  ဆက်လက် တိုက်ခိုက်လျက်ရှိကာ မောင်တောမြို့ကိုလည်း သိမ်းပိုက်မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...