မြေပုံမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု အရပ်သားထိခိုက်သေဆုံးသူ များပြား

မြေပုံမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု အရပ်သားထိခိုက်သေဆုံးသူ များပြား

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ရဟန်းသံဃာ၊ ကလေးငယ် အပါအဝင် အရပ်သားထိခိုက်သေဆုံးသူ များပြားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မတ်လ ၂၂ ရက်၊ နေ့လယ်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့ပြီး ညနေ ၄ နာရီခန့်တွင်လည်း ထပ်မံလာရောက်ပြီး ဗုံးကြဲခဲ့မှုကြောင့် အရပ်သားထိခိုက်မှုအပြင် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ 

“ဂျက်ဖိုက်တာနဲ့ နာရီဝက်လောက်ခြားပြီးတော့ လာကြဲသွားတာ။ ဗုံးကျတဲ့နေရာက ဘုန်းကြီးကျောင်းနဲ့ သိပ်မဝေးဘူး။ လူတွေကလည်း အဲဒီနားမှာ အများကြီးနေကြတာဆိုတော့ ဒဏ်ရာရသူတွေ များတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀ နီးပါးသေဆုံးပြီး ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသော်လည်း DMG က သီးခြားအတည် မပြုနိုင်သေးပေ။

ဒဏ်ရာရသူများထဲတွင် ညောင်ကန်ကျေးရွာ၌ စစ်ဘေးရှောင်နေကြသည့် အနီးအနားကျေးရွာမှ ဒေသခံများလည်း ပါဝင်သည်။ လက်ရှိတွင် ဒဏ်ရာရလူနာများအား လုံခြုံမည့်နေရာသို့ ပို့ဆောင်ကာ ဆေးကုသပေးနေကြောင်း သိရသည်။

ညောင်ကန်ကျေးရွာသည် အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၂,၀၀၀ ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။ 

ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက နှစ်ကြိမ်တိုင်တိုင် လေကြောင်းဖြင့် လာရောက်ဗုံးကြဲခြင်းမှာ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဟု ဒေသခံများက ပြောကြသည်။ 

“ရွာအနီးအနားမှာရော၊ ဒီနားနီးစပ်တဲ့ ကျေးရွာတွေမှာပါ တိုက်ပွဲဖြစ်တာတွေ မရှိဘူး။ ကိုယ့်ရွာမှာကိုယ် အေးအေးချမ်းချမ်း နေထိုင်နေကြတာကို နှစ်ကြိမ်အထိ ဗုံးကြဲခဲ့တာ။ ဒီဟာက ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်တာလို့ပဲ ပြောရမှာဖြစ်တယ်” ဟု ဒေသခံ နောက်တစ်ဦးက ပြောသည်။

ယမန်နေ့ မတ်လ ၂၁ ရက်ကလည်း မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသရှိ အထက်လေညှင်းတောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် ၅ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။  

ရခိုင်ဒေသတွင် စစ်ရေးအရအရေးနိမ့်နေသော စစ်ကောင်စီသည် လေကြောင်းကိုအသုံးပြုကာ မြို့ရွာရပ်ကွက် စသည့် အရပ်သားပြည်သူများနေထိုင်ရာကို ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် အရပ်သားများ နေ့စဉ်ရက်ဆက် ထိခိုက်သေဆုံးနေကြရသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...