ရသေ့တောင်မြို့အနီးရှိ ကျေးရွာများကို စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်၍ ကျေးရွာတချို့ မီးလောင်နေ

ရသေ့တောင်မြို့အနီးရှိ ကျေးရွာများကို စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်၍ ကျေးရွာတချို့ မီးလောင်နေ

ရခိုင်ပြည်၊ ရသေ့တောင်မြို့ အနီးရှိ ကျေးရွာများကို စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်၍ ကျေးရွာတချို့မီး လောင်ပျက်စီးသွားသည်ဟုသတင်းရရှိသည်။

ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉နာရီမှ စ၍ နေ့လယ် ၁၂ နာရီအထိ စစ်ကောင်စီမှ ခနောင်းကြီး၊ ကံပြင်၊ ရွာသစ်ကေ ကျေးရွာများကို  ဂျက်တိုက်လေယာဉ်ဖြင့်ဗုံးကြဲခဲ့သည်ဟု ရသေ့တောင်ဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" မနက် ၉နာရီက‌ နေ ၁၂ နာရီ အထိ တိုက်‌ လေယာဉ်နဲ့ ဗုံးကြဲချတာ။ တိုက်ပွဲမရှိဘူး။ ပြီးတော့ ခဏရပ်ပြီး ၁နာရီခွဲ ၂နာရီလောက်ကနေ ဂျက်တိုက်လေယာဉ်နဲ့ဗုံးကြဲတာ အခု ညနေ ၄နာရီမှာရပ်နေပါတယ်။ သူတို့ကို ဝင်တိုက်မယ်ဆိုတဲ့ သတင်းရလို့ တပ်ရင်းတွေအနီးက ရွာတွေကို  ဗုံးကြဲတာလို့သိရတယ်  " ဟုပြောသည်။

စစ်ကောင်စီမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ခနောင်းကြီး၊ ကံပြင်၊ ပြာပင်ရင်း ကျေးရွာတွင် မီးလောင်မှုများရှိခဲ့ကြောင်း၊ ရွာသားများမှာ ယခင်ကတည်းက  ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်သဖြင့် အထိအခိုက်မရှိဟု ကြားသိရကြောင်း ၎င်းကပြောသည်။

" ကျနော်တို့လှမ်းမြင်ရတာ ခနောင်းကြီးနဲ့အနီးအနားဝန်းကျင်ကို မြင်ရတယ်။ ဒီနေ့ ခနောင်းကြီးဖက်တို့ ရွာပြာကျမလို ဖြစ်သွားတယ်" ဟုပြောသည်။

ရသေ့တောင်မြို့နယ်အတွင်း၌ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ စတင် ဖြစ်ပွားလျက်ရှိကြောင်း၊ တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီသည် လက်နက်ကြီး၊ ရေကြောင်း၊ လေကြောင်း ပူးပေါင်းခုခံစစ်ဖြင့် အသည်းအသန် ခုခံကာကွယ်တိုက်ခိုက်လျက်ရှိကြောင်း ယမန်နေ့ ဖေဖော်ဝါရီ၁၅ရက် ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

July 3, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သွေးကြွ အာဆာ (ARSA) အဖွဲ့နှင့် အာရက္ခ...
July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...
July 1, 2026
မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-...
“လေယာဉ်ဖြင့်ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လျှင် ကျည်ဆံဖြင့်သာတုံ့ပြန်မည်” ဟု AA ပြော
June 30, 2026
ခိုင်လူလှ (ရိုးမမြေ) — စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်လျှင်...