လက်ရှိ လုံခြုံရေးအခြေအနေကြောင့် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့

လက်ရှိ လုံခြုံရေးအခြေအနေကြောင့် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့
စစ်တွေရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးအတွင်းပြုလုပ်နေသည့် အခမ်းအနားတစ်ခု
စစ်တွေရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးအတွင်းပြုလုပ်နေသည့် အခမ်းအနားတစ်ခု

ရခိုင်ပြည်မြို့တော် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို ရန်ကုန်မြို့သို့ ယာယီ ပြောင်းရွှေ့ထားကြောင်း သတင်းရရှိသည်။

ထိုသို့ရွှေ့ပြောင်းထာကြောင်းကို တနင်္လာနေ့တွင် ဒက်ကားမြို့ နိုင်ငံခြားရေးဝန်ကြီးဌာန၌  သတင်းထောက်များအား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ပြောကြားခဲ့သည်။

“ လက်ရှိ လုံခြုံရေး အခြေအနေကြောင့် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို ရန်ကုန်မြို့သို့ ယာယီ ပြောင်းရွှေ့ထားပါတယ်” ဟု ပြောကြားသည်။

၎င်းပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံလာကြသည့် နယ်ခြားစောင့်နှင့် စစ်သား (၃၄၀) အားလည်း မကြာခင် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ၎င်းက ပြောကြားသည်။

“ဒါက ကျွန်တော်တို့ရဲ့ ဦးစားပေးက မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေကို ပြန်ပို့ဖို့ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်ဖက်စလုံးက မကြာခင် ပြန်ပို့မယ်လို့ သဘောတူညီမှု ရခဲ့ပါတယ်” ဟု ၎င်းက နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ယူလိုသဖြင့် ၎င်းတို့အား ပြန်ပို့ရေး အစီအစဉ်ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်းပြောကြားခဲ့သော်လည်း ပြန်လည် ပို့ဆောင်မည့် နေ့ရက်ကို ပြောဆိုခဲ့ခြင်း မရှိခဲ့ချေ။

"တိကျတဲ့ရက်စွဲကို မမျှဝေချင်ပါဘူး။ လုံခြုံရေးကိစ္စတွေပါ ပါဝင်နေတာကြောင့် လျှို့ဝှက်ထားပါတယ်" ဟု ၎င်းက ပြောသည်။

ဒက်ကာသည် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ  မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး သူ့နိုင်ငံအတွင်း လူ နှစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးမှုနှင့် မော်တာကျည်များ ကျရောက်မှုအပေါ်  ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...