နောက်ထပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၁ ဦး ဘင်္ဂလာသို့ ထပ်မံထွက်ပြေးခိုလှုံလာသဖြင့် ခိုလှုံလာသူအရေအတွက်၂၂၄ ဦးအထိရှိလာ

နောက်ထပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၁ ဦး ဘင်္ဂလာသို့ ထပ်မံထွက်ပြေးခိုလှုံလာသဖြင့် ခိုလှုံလာသူအရေအတွက်၂၂၄ ဦးအထိရှိလာ
ဓာတ်ပုံ- အိုးကီးယားနယူးစ်
ဓာတ်ပုံ- အိုးကီးယားနယူးစ်

မြန်မာဘက်က နောက်ထပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၁ ဦး ထပ်မံ ထွက်ပြေးခိုလှုံလာသဖြင့် ဖေဖော်ဝါရီ ၆ ရက်နေ့ထိ ဝင်ရောက်လာသူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အရေအတွက်မှာ ၂၂၄ ဦးရှိသွားပြီဟု ဒေသအတွင်း သတင်းဌာနတစ်ခုဖြစ်သည့် အိုကီးယားနယူးစ်တွင် သတင်းဖော်ပြသည်။

၎င်းတို့သည် နယ်စပ်တွင် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားရာမှ ထွက်ပြေးလာကြပြီး ဘင်္ဂလားဒေ့ရှ်ကို ခိုလှုံလာကြသူများဖြစ်သည်ဟုဆိုသည်။

ယခင်အစောပိုင်းက ဝင်ရောက်လာသူ ၁၁၃ ဦးရှိပြီး လက်ရှိ ဝင်ရောက်ခိုလှုံလာသူ ၁၁၁ ဦးနှင့် ပေါင်လျှင် စုစုပေါင်း ၂၂၄ ဦးရှိသွားပြီဟု ၎င်းသတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး  Hasan Mahmud က ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ စစ်ကောင်စီ မြန်မာသံအမတ် ဦးအောင်ကျော်မိုးနှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးလွင်ဦးတို့က ထွက်ပြေးခိုလှုံနေသည့် နယ်ခြားစောင့်တပ်များသားများအား ပြန်ခေါ်ယူမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်ပြောကြားလာသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်သည် မောင်တောမြို့နယ်မြောက်ပိုင်းမှ တောင်ပြိုမြို့ (လက်ဝဲ) နှင့် (လက်ယာ) နယ်ခြားစောင့်စခန်းနှစ်ခုလုံးကို ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တောင်ပြိုလယ်ယာစခန်းကို သိမ်းပိုက်ထားပြီဟု သိရသည်။

June 8, 2026
နှင်းနွယ်နီ — လုံခြုံရေးအခြေအနေကြောင့် ရေလုပ်သားများအားငါးဖမ်းခွင့်ကိုပိတ်ပင်ထားရာမှ...
ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...