စစ်ကောင်စီမှ ဆီဆိုင်မြို့နှင့် အနီးရှိရွာများကို လေကြောင်းဖြင့် တစ်ရက်အတွင်း အကြိမ်၂၀နီးပါး တိုက်ခိုက်

စစ်ကောင်စီမှ ဆီဆိုင်မြို့နှင့် အနီးရှိရွာများကို လေကြောင်းဖြင့် တစ်ရက်အတွင်း အကြိမ်၂၀နီးပါး တိုက်ခိုက်

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နှင့် အနီးအနားမှ ကျေးရွာ(၄)ရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာနှင့် Y12လေယာဥ်များဖြင့် ဇန်နဝါရီလ ၂၅ရက် အတွင်း အကြိမ်၂၀ နီးပါး ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထို လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီမှ ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံးအလုံးပေါင်း (၁၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အသက် (၁၂) နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ရပြီး ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ဒေသခံများရှိသည့် အပြင် နေအိမ် အဆောက်အအုံများစွာလည်း ပျက်စီးခဲ့သည်။

"ကျမတို့ အိမ်တွေလည်း ကုန်ပြီလားမသိပါဘူး၊ လေယာဥ်နဲ့ အဆက်မပြတ်ဝဲပြီး ပစ်တာ၊ မြကန်သာနားဆိုပိုဆိုး လူတွေလည်း ထိတယ်၊ အိမ်တွေလည်းပျက်စီးတယ်" ဟု ဆီဆိုင်မှ တိမ်းရှောင်ရသူတစ်ဦးမှ ပြောကြားသည်။

ဇန်နဝါရီလ (၂၄)ရက်ဆီဆိုင်မြို့နယ်တွင် PNLA၊ KNDF၊ SSPP၊ PDF မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ၊ PNOပူးပေါင်းတပ်များမှ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး PNLA နှင့်မဟာမိတ်အဖွဲ့များမှ ဆီဆိုင်မြို့ရှိ မြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းများကို သိမ်းယူနိုင်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို လေကြောင်းဖြင့် ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် PNLA မှ နောင်ထောဝ်ရှိ စစ်ကောင်စီစခန်းများကို သိမ်းပိုက်လိုက်ပြီးနောက် PNLAနှင့် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်များကြား တိုက်ပွဲများ စတင်လာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ၂၁ရက်တွင်လည်း ဟိုပုံးမြို့နယ်၊ မဲနယ်တော စံဖူး(လုံးဟီ)ကျေးရွာတွင် စစ်ကောင်စီနှင့် PNOပူးပေါင်း၍ PNLAမှ သယ်ဆောင်လာသည့် လက်နက်များတင်သည့်ကားကို ဖြတ်တိုက်၍ တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားခဲ့ပြီး ဒေသခံများ၏ နေအိမ် ၂၇လုံး မီးလောင်ပျက်ဆီးခဲ့သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီမှ ဆီဆိုင်မြို့နယ််ကို ပြန်လည်ရယူရန် PNOတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီမှ ဆီဆိုင် မြို့တွင်း၊ မြို့ပြင်ကို  လေကြောင်းဖြင့် အဆက်မပြတ် တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း ထပ်မံသိရှိရသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...