ဆီဆိုင်သို့ စစ်ရှောင်လာသည့် ကရင်နီပြည်သူများ ထပ်မံပြောင်းရွှေ့ရ

ဆီဆိုင်သို့ စစ်ရှောင်လာသည့် ကရင်နီပြည်သူများ ထပ်မံပြောင်းရွှေ့ရ

ဆီဆိုင်မြို့နယ်သို့ လာရောက်စစ်ဘေးရှောင်နေသော ကရင်နီစစ်ရှောင်များသည် ဆီဆိုင်တိုက်ပွဲကြောင့် ထပ်ပြီး စစ်ဘေးရှောင်နေရကြောင်း ကရင်နီစစ်ရှောင်များထံ သတင်းသိရသည်။

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ( PNLO/PNLA) ၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် PNO ၊ စစ်ကောင်စီ ပူးပေါင်တပ်ဖွဲ့များသည် ဇန်နဝါရီလ ၂၄ ရက်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မြို့ခံအပါအဝင် ကရင်နီစစ်ရှောင်များ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရသည်။

ကရင်နီစစ်ရှောင်များသည် စစ်ဘေးဒဏ်ကို ထပ်ဆင့်ခံစားရ၍ နောက်ထပ်စစ်ရှောင်ရလျှင် နေစရာ အခက်အခဲများစွာ ရှိနိုင်ကြောင်း စစ်ရှောင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

" လွိုင်ကော်ကနေ ဆီဆိုင်ကို စစ်ရှောင်ရတယ်။ အခုလည်း ထပ်ပြီး ပြေးရပြန်ပြီ။နေဖို့နေရာလဲ မကျန်တော့ဘူး။ စိတ်တွေလည်း မခိုင်တော့ဘူး။ ဘယ်တောမှ ဒီလိုပြေးနေရတာလွတ်မလည်း မသိဘူး။"ဟု ကရင်နီ စစ်ရှောင်တစ်ဦးကဆိုသည်။

စစ်ရှောင်နေရသဖြင့် ဝင်ငွေမရှိဘဲ အလှူရှင်များနှင့်သာ ရပ်တည်နေရ၍ နေထိုင်စားသောက်ရေး အတွက်ပါ ရှေ့ဆက်စိုးရိမ်နေရကြောင်း သိရှိရပါသည်။

" လာလှူကြတာနဲ့ပဲ စားရတာပေါ့။ ဝင်ငွေကလဲမရှိဘူးလေ။ နိုင်ငံရေးအခြေအနေက မတည်မငြိမ်နဲ့ဆိုတော့ အလှူရှင်တွေလည်း နည်းလာတယ်။ ကိုယ့်ဒေသမဟုတ်တော့ ဘာမှလုပ်ကိုင်မစားတတ်ဘူး။ ဘာတွေဆက်ဖြစ်လာမလဲမသိဘူး။ သေမလား အသက်ရှင်မလားပဲ။"ဟု စစ်ရှောင်အမျိုးသမီးက ပြောပါသည်။

ဆီဆိုင်မြို့မရဲစခန်းကို ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းတွင် PNLA နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ညအချိန်တွင် စစ်ကောင်စီတပ်တွေက လေယာဥ်ဖြင့် ဗုံးကြဲသဖြင့် နေအိမ်များပျက်စီးပြီး ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...