ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော်မှ အလုံးစုံထိန်းချုပ်ထားပြီဖြစ်ကြောင်း ညီနောင်သုံးဖွဲ့ စစ်ဆင်ရေး (၉၀) ရက်မြောက်နေ့တွင် ထုတ်ပြန်ကြေညာ

ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော်မှ အလုံးစုံထိန်းချုပ်ထားပြီဖြစ်ကြောင်း ညီနောင်သုံးဖွဲ့ စစ်ဆင်ရေး (၉၀) ရက်မြောက်နေ့တွင် ထုတ်ပြန်ကြေညာ

ရက္ခိုင့်တပ်တော်(AA) သည် ရခိုင်ပြည်မှ  ပေါက်တောမြို့အား အလုံးစုံထိန်းချုပ် ထားလိုက်ပြီ ဖြစ်ကြောင်း ညီနောင်သုံးဖွဲ့ စစ်ဆင်ရေး (၉၀) ရက်မြောက်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ထုတ်ပြန်ချက်ထဲတွင် “ရက္ခိုင်ဒေသတွင်း၌ ပေါက်တောမြို့အား ရက္ခိုင့်တပ်တော် (AA) မှ အလုံးစုံထိန်းချုပ်ထားပြီးဖြစ်သည်” ဟု ဖော်ပြသည်။

တစ်ပြိုင်နက် တည်းတွင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များရှိ လက်နက်ချအညံ့မခံသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း  မိမိတို့မှလည်း စစ်ကောင်စီ၏ တပ်မ ဌာနချုပ်နှင့် အထိုင်ချစခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရယူရန် ကြိုးစားလျက်ရှိကြောင်း” ဆက်လက်ဖော်ပြထားသည်။

ရမ်းဗြဲမြို့တွင်းတိုက်ပွဲမှာ ယခင်ရက်များနည်းတူ ရှိနေခဲ့သကဲ့သို့ စစ်ကောင်စီဖက်မှ လေကြောင်း တိုက်ခိုက်မှုများမှာလည်း ယခင်ရက်များနည်းတူရှိခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီ ၂၄ ရက် တစ်ရက်တည်းတွင် ရန်သူသည် ရမ်းဗြဲမြို့ပေါ်ရပ်ကွက်နှင့် အနီးတစ်ဝိုက်နေရာများသို့ ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်များဖြင့် (၃၃) ကြိမ်ထက်မနည်း တရစပ် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် လေကြောင်းတိုက်ခိုက်မှု အများဆုံးနေ့တစ်နေ့ဖြစ်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့တိုက်ခိုက်မှုအတွင်း လူနေအိမ်၊ အဆောက်အအုံနှင့် ချောင်ကူးတံတားအချို့ ထိမှန် ပျက်စီးခဲ့ရသည့်အပြင် ရမ်းဗြဲမြို့မရဲစခန်းနောက်ဘက်ရှိ ရမ္မာဝတီစျေးဆိုင်တန်းမှ ဆိုင်ခန်း (၆) ခန်းကျော်မှာ လည်း စစ်ကောင်စီ၏လက်နက်ကြီးထိမှန်ခဲ့၍ မီးလောင်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဆင်ရေးကြီး (၉၀) ပြည့်သောနေ့တွင် ရှမ်းမြောက်ဒေသ၌ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများနှင့် ထိတွေ့တိုက်ပွဲများ ကြီးကြီးမားမားမရှိခဲ့သည့်တိုင် ရက္ခိုင်ဒေသအတွင်း၌ တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။

ရက္ခိုင့်တပ်တော်၏ အခြားသော စစ်ရေးလှုပ်ရှားရာဒေသများဖြစ်သော စစ်ကိုင်းတိုင်းနှင့် အခြားသောနေရာများ၌လည်း တခြားသောမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မိမိကိုယ်မိမိခုခံကာကွယ်စစ်များကို ဆင်နွှဲလျက်ရှိသည်။

တိုက်ပွဲ ပြင်းထန်နေသည့် ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသန်း ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူနေအိမ် ပျက်စီးမှုများနှင့် အရပ်သားပြည်သူသေဆုံး၊ ဒဏ်ရာရမှုများမှာ ယခင်ရက်များနည်းတူ ယနေ့တွင်လည်းရှိနေခဲ့သည်။

April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...