ရခိုင်စစ်ပွဲအတွင်း စစ်ကောင်စီက အပြစ်မဲ့အရပ်သားပြည်သူ ၂၇၇ ဦးဖမ်းဆီးထား

ရခိုင်စစ်ပွဲအတွင်း စစ်ကောင်စီက အပြစ်မဲ့အရပ်သားပြည်သူ ၂၇၇ ဦးဖမ်းဆီးထား

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်ကပင် ယခုဇန်နဝါရီလ၏ ဒုတိယပတ်အထိ စစ်ကောင်စီက အပြစ်မဲ့ ရခိုင်အရပ်သားပြည်သူ ၂၇၇ ဦးထိဖမ်းဆီးထားကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ထုတ်ပြန်သည်။

HDCO ၏ စာရင်းအရ နိုဝင်ဘာလ ၁၃ ရက်မှ ၃၀ ရက်အထိ စစ်ကောင်စီသည် ရခိုင်မြို့နယ်များမှ အပြစ်မဲ့အရပ်သားပြည်သူ ၈၁ ဦးကိုဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ အရပ်သားပြည်သူ ၁၇၂ ဦးထိထပ်မံဖမ်းဆီးခဲ့ပြီး ယခုဇန်နဝါရီလ ၁ ရက်မှ ၁၃ ရက်အထိ အရပ်သား ၂၄ ဦးကိုဖမ်းဆီးထားကြောင်းဆိုသည်။

ရခိုင်တိုက်ပွဲစတင်ကတည်းက စစ်ကောင်စီသည် ဧည့်စာရင်းအကြောင်းပြချက်ဖြင့် အရပ်သား ပြည်သူများကိုဖမ်းဆီးခဲ့သလို လမ်းသွားလမ်းလာ ပြည်သူများပါမချန် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရာဒေသများနှင့်မြို့များတွင်လည်း စစ်ကောင်စီစစ်ကြောင်းများက လူနေရပ်ကွက်များ အထိဆင်းလာပြီး အရပ်သားပြည်သူများကိုလူသားဒိုင်းကာ ဓားစာခံအဖြစ် ဖမ်းဆီးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီကဖမ်းဆီးသည့်အထဲတွင် အမျိုးသမီးများ၊ အသက် မပြည့်သေးသည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် တက္ကသိုလ်ကျောင်းသူ/ ကျောင်းသားများလည်းပါဝင်နေကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံပြည်သူများကို စစ်တပ်ဖမ်းဆီးပြီးနောက် မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်း မိသားစုဝင်များက သိခွင့်ပင်မရဖြစ်နေကြောင်း မိသားစုဝင်များက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

July 4, 2026
ထိုင်းနိုင်ငံတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား အမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့သည့် ၎င်း၏...
July 3, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သွေးကြွ အာဆာ (ARSA) အဖွဲ့နှင့် အာရက္ခ...
July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...
July 1, 2026
မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-...