ပလက်ဝတွင် ရက္ခိုင့်တပ်တော်က မိုင်းရှင်းလင်းရေးလုပ်ပြီးမှ စစ်ဘေးရှောင်များအား ပြန်လည်ခေါ်ယူနေရာချထားမည်

ပလက်ဝတွင် ရက္ခိုင့်တပ်တော်က မိုင်းရှင်းလင်းရေးလုပ်ပြီးမှ စစ်ဘေးရှောင်များအား ပြန်လည်ခေါ်ယူနေရာချထားမည်

ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထားသည့် ပလက်ဝဒေသတွင် ပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာလုပ်ကိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်က မိုင်းရှင်းလင်းရေး လုပ်ဆောင်ပြီးမှ  ပလက်ဝ ဒေသခံများအား ပြန်လည်ခေါ်ယူမည်ဟု ပြောဆိုထားကြောင်း ပလက်ဝမြို့ခံ စစ်ဘေးရှောင် တစ်ဦးက ပြောသည်။

"ပလက်ဝမှာ အခု အရမ်းအေးချမ်းနေပါပြီ။ လာဗုံးကြဲတာမျိုးတွေလည်း မရှိတော့ပါဘူး။ ဒါပေမယ့် စစ်ရှောင်တွေကိုတော့ အခုမခေါ်သေးပါဘူး။ အနယ်နယ်အရပ်ရပ်ကို ချောင်ကြို ချောင်ကြားကအစ ရက္ခိုင့်တပ်တော်က အကုန်မိုင်းရှင်းလင်းရေး လုပ်နေပါတယ်။  မိုင်းရှင်းလင်းရေးပြီးမှ ပလက်ဝ မြို့ခံတွေကို ခေါ်မယ်။ ကိုယ့်အိမ်ကိုပို့ပေးမယ်လို့ တပ်တော်က ပြောထားတာရှိပါတယ်" ဟု ပြောသည်။

ပလက်ဝဒေသခံများသည် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ စတင်ဖြစ်ပွါးသည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကတည်းက စစ်ဘေးရှောင် ဘဝနှင့် တိမ်းရှောင်နေခဲ့ကြရသည်။

စစ်ဘေးရှောင်စခန်းများတွင် ခက်ခဲကျပ်တည်းစွာ ကာလကြာရှည် နေထိုင်လာခဲ့ရသည့်အတွက် ပလက်ဝကို ရက္ခိုင့်တပ်တော်က သိမ်းပိုက် လိုက်နိုင်သည့်အပေါ်  ဝမ်းသာပြီး  မကြာမီ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်ကြောင်း ပလက်ဝမှစစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက နိရဉ်စရာကို ပြောသည်။

"စစ်ဘေးရှောင်စခန်းတွေမှာက တအားခက်ခဲတယ်။ နေတာထိုင်တာ စားတာသောက်တာ တအားခက်ခဲတယ်။ ဒါပေမယ့် ကျမတို့ ကိုယ့်ရွာ ကိုယ့်နယ်ကိုတော့ ပြန်လို့မရဘူးလေ။ ဒါကြောင့် ဒီလိုပဲ နေရတယ်။ ပလက်ဝ ရသွားပြီကြားတော့ ကျမ အရမ်းကိုပျော်တယ်။ ကိုယ့်နယ်၊ ကိုယ့်မြေကိုသွားချင်တယ်။ အဲ့ဒီမှာကျတော့ ကျမတို့ လွတ်လွတ်လပ်လပ် လုပ်စားလို့ရတယ်လေ။ အေအေကိုလည်း ကျမတို့ အရမ်းကျေးဇူးတင်ပါတယ်"ဟု ပြောသည်။

စစ်ကောင်စီတပ်သည် သူတို့စခန်းချနေထိုင်ခဲ့ရာ ပတ်ဝန်းကျင်နှင့် ပြည်သူများနေထိုင်ရာ ကျေးရွာအနီးအနားရှိတောင်တန်းများတွင် မြေမြုပ်မိုင်းများ အကြီးအကျယ်ထောင်ထားခဲ့သည်ဟု သိရသည်။

သို့အတွက် နေရာဒေသအတော်များများတွင် မိုင်းအန္တရာယ်များ ကျန်ရှိ နေသေးသည်ဟုဆိုသည်။

ပလက်၀ ဒေသတွင် ပြည်သူတို့၏ အသက်၊ အန္တရာယ် ၊ အိုးအိမ်၊ စည်းစိမ်တို့ကို ယခုထက် ပိုမိုလုံခြုံ စိတ်ချစေရန်အတွက် စစ်ရှုံးကာထွက်ပြေး လွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိနေပြီး ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်  သည် ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင်စတင်ခဲ့ပြီး ရက်ပေါင်း (၆၂) ရက်အကြာတွင် ပလက်၀ဒေသ တစ်ခုလုံးသည် စစ်ကောင်စီ ကင်းရှင်းနယ်မြေ ဖြစ်သွားပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်နေ့က  သတင်းထုတ်ပြန်ခဲ့သည်။ 

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...