ညီနောင်မဟာမိတ် သိမ်းပိုက်ခဲ့သည့် ဟိုပန် နှင့် ပန်လုံမြို့ကို UWSA ထံပြန်လွှဲပေး

ညီနောင်မဟာမိတ် သိမ်းပိုက်ခဲ့သည့် ဟိုပန် နှင့် ပန်လုံမြို့ကို UWSA ထံပြန်လွှဲပေး

သျှမ်းပြည် မြောက်ပိုင်းအတွင်း ဆင်နွဲနေသည့် ၁၀၂၇ စစ်ဆင်ရေးမှ  ညီနောင်မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ သည့် ဟိုပန်မြို့ နှင့် ပန်လုံမြို့တို့ကို UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အဖြစ် လွှဲအပ် ပေးခဲ့ကြောင်း စုံစမ်း သိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၀) ရက်တွင် Wa Channel လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ဟိုပန်မြို့ နှင့် ပန်လုံမြို့ တို့ကို “ဝ” တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ နယ်မြေအတွင်း လွဲအပ်ပေးခဲ့ကြောင်း ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဟိုပန်မြို့ နှင့် ပန်လုံမြို့တို့သည် စစ်ကောင်စီ တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေး နှစ်လကျော်ကြာမြင့်လာပြီးသည့်နောက် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့၌ စစ်ကောင်စီ တပ်စခန်းများ ကျရှုံးပြီး အဆိုပါ မြို့နှစ်မြို့ကို မဟာမိတ် တပ်ဖွဲ့ဝင်များက ထိန်းချုပ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ဟိုပန်မြို့ နှင့် ပန်လုံမြို့ကို ဝ ပြည်သူ့ အစိုးရထံ လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားကို ဟိုပန်မြို့ရှိ မြို့တော် ခန်းမ၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဝ ပြည်သူ့ အစိုးရ ကိုယ်စား မိုင်းမောခရိုင်မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

ဟိုပန်မြို့သည်  ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် ကွမ်းလုံမြို့၏ အရှေ့ဘက် ၁၁ မိုင်ဝန်းကျင်သာ ကွာဝေးလျက်ရှိပြီး ချင်းရွှေဟော်မြို့နှင့် အနောက်ဘက် ၉ မိုင်ဝန်းကျင်သာ ကွာဝေးလျက်ရှိကြောင်းလည်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ မြို့နယ်များကို “ဝ” ပြည်သူ့ အစိုးရထံ လွဲပြောင်းပေးအပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို တယ်ရီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ဟိုပန်မြို့ နှင့် ပန်လုံမြို့သည် စစ်တပ်မှ ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့များလည်း ဖြစ်သည်။

တစ်ဖက်တွင်လည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း “ဝ” တပ်ဖွဲ့ UWSA အနေဖြင့် မည်သူဘက်မှ ပါဝင်မည် မဟုတ်သော်လည်း ၎င်းတို့ဒေသအတွင်း စစ်ရေးအရ ကျူးလွန်လာပါက လက်တုံ့ပြန်သွားမည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...