ရှင်းလက်ဝကနေ အိန္ဒိယဘက်သို့ထွက်ပြေးသွားသည့် စစ်သား ၁၀၀ ကျော်ကို မြန်မာသို့ပြန်ပို့

ရှင်းလက်ဝကနေ အိန္ဒိယဘက်သို့ထွက်ပြေးသွားသည့် စစ်သား ၁၀၀ ကျော်ကို မြန်မာသို့ပြန်ပို့

ရက္ခိုင့်တပ်တော် (AA) ၏ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ ဗျူဟာသိမ်း တိုက်ပွဲအတွင်း အိန္ဒိယဘက် ထွက်ပြေးသွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ယမန်နေ့ဇန်နဝါရီလ ၉ ရက်တွင် မြန်မာနိုင်ငံသို့ပြန်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါရှင်းလက်ဝစခန်းမှ အိန္ဒိယဘက်ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၄ ဦးခန့်ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ lenpui လေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း မီဇိုရမ်ဒေသတွင်း သတင်းရင်းမြစ်များကို ကိုးကားပြီးRFA တွင် သတင်းဖော်ပြသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်ပို့ရာတွင် အာသံရိုင်ဖယ်တပ်က လုံခြုံရေးအပြည့်ယူပြီး ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ - MDF တို့က ဇန်နဝါရီလ ၂ ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါရှင်းလက်ဝဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်း စွန့်ခွာထွက်ပြေးသွားကြပြီး AA နှင့် MDF တို့က လိုက်လံရှင်းလင်းသည့် အတွက် ဇန်နဝါရီလ ၅ ရက်တွင် အိန္ဒိယ- မြန်မာနယ်စပ်တချို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MDF က ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၂ ရက်ကလည်း ရက္ခိုင့်တပ်တော် (AA)၏ ပွိုင့်(၃၇၇) စခန်းသိမ်းတိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးသွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁ ဦးကို မြန်မာနိုင်ငံဘက်သို့ ပြန်လွှဲပြောင်းပေးပြီး စစ်တွေသို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...