ရခိုင်ပြည်စစ်မျက်နှာတွင် ရက္ခိုင့်တပ်တော်နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းအချို့ ပါဝင်တိုက်ခိုက်

ရခိုင်ပြည်စစ်မျက်နှာတွင် ရက္ခိုင့်တပ်တော်နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းအချို့ ပါဝင်တိုက်ခိုက်

ရခိုင်ပြည်စစ်မျက်နှာတွင် ရက္ခိုင့်တပ်တော်( AA )နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များသည်လည်း အတူလက်တွဲကာ စစ်ကောင်စီတပ်အား တိုက်ပွဲဝင်နေကြပြီဟု ဇန်နဝါရီ ၈ ရက် တိုက်ပွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ တိုက်ခိုက်ရာတွင် ကျောက်တော်မြို့နယ် တောင်ရှည်တောင် ဗျူဟာကုန်းအား တိုက်ခိုက်ရာ၌ မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်၊ သတင်းနှင့် ပြန်ကြားရေး ထုတ်ပြန်ချက်တွင် “တောင်ရှည်တောင်ဗျူဟာစခန်းသိမ်း တိုက်ပွဲအတွင်း မိမိတို့နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းအချို့ မှ ရဲဘော်များလည်း စစ်ရေး အတွေ့အကြုံယူရင်း တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြသည်” ဟု ဖော်ပြထားသည်။

သို့သော်လည်း မည်သည့် တော်လှန်ရေးအဖွဲ့အစည်းများမှ ရဲဘော်များဖြစ်သည်ကို ထုတ်ပြန်ချက်တွင်ဖော်ပြထားခြင်း မရှိပါ။

နိရဉ္စရာသတင်းဌာနအနေဖြင့် စစ်ကောင်စီအား တော်လှန်နေသည့် မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များ ရခိုင်စစ်မျက်နှာသို့ ရောက်ရှိလာကြောင်း လွန်ခဲ့သည့်ရက်သတ္တပတ် အနည်းငယ် အတွင်းကပင်  သတင်း ရရှိထားခဲ့သော်လည်း အရေအတွက်နှင့် အဖွဲ့အစည်းအမည်များကို သိရှိနိုင်ခြင်း မရှိသေးပါ။

ရခိုင်စစ်မျက်နှာတွင် စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်ရန် ရက္ခိုင့်တပ်တော်၏ မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များ ပိုမိုရောက်ရှိလာမည်ဟု ကြားသိရကြောင်း  လက်ရှိမြေပြင်သတင်းများအရ သိရှိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...