သျှမ်းတောင် ဒေသခံများနှင့် စစ်ရှောင်များကို ဧည့်စာရင်းစစ်၊ ဖုန်းစစ်ပြီး ဖမ်းဆီးချုပ်နှောင်ခြင်းများ ပြုလုပ်နေ

သျှမ်းတောင် ဒေသခံများနှင့် စစ်ရှောင်များကို ဧည့်စာရင်းစစ်၊ ဖုန်းစစ်ပြီး ဖမ်းဆီးချုပ်နှောင်ခြင်းများ ပြုလုပ်နေ

သျှမ်းပြည်နယ် တောင်ပိုင်းရှိ ဒေသအနှံ့အပြားတွင်  စစ်ကောင်စီနှင့် PNO ပအို၀်းပြည်သူ့စစ်မှ ဒေသခံ နေအိမ်များနှင့် ကရင်နီ စစ်ရှောင်များ နေထိုင်ရာ ဘုန်းကြီးကျောင်းများတွင် ဧည့်စာရင်း သာမက ဖုန်းများပါ အတင်းအဓမ္မ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ကရင်နီပြည်မှ စစ်ရှောင် အများစု တိမ်းရှောင်ရာနှင့် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားရာ ဒေသများ ဖြစ်သည့် ရွာငံ၊ ပင်းတယ၊ ညောင်ရွှေ၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်းနှင့် ဖယ်ခုံမြို့များကို အဓိကထား စစ်ဆေးမှုများ ပြုလုပ်ပြီး မသင်္ကာစရာများ တွေ့သည်နှင့် တော်လှန်ရေးအင်အားစုများနဲ့ အဆက်အစပ်ရှိသည်ဟု ဆိုတာ စွပ်စွဲ ဖမ်းဆီးမှုများ ပြုလုပ်ကြောင်း သိရှိရသည်။

"ဧည့်စာရင်းတိုင်မယ်ဆိုရင် ဘယ်ကလာလဲ အရင်မေးပြီး ၂/ (ကရင်နီပြည်နယ်) ဆိုတာနဲ့ ဧည့်စာရင်းလည်း ပေးမတိုင်ဘူး။ ပြီးရင် လက်နက်တွေ၊ လူအများကြီးနဲ့ ဧည့်စာရင်း လာစစ်တယ်။ ဖုန်းတွေပါ အတင်းယူစစ်ပြီး ခေါ်သွားတယ်။ ပြီးခဲ့တဲ့ တလောက ကျနော်တို့ ညောင်ရွှေမှာပဲ ပါသွားတာ (၂၁)ယောက် ရှိပြီလို့ သိရတယ်" ဟု ဧည့်စာရင်း စစ်ခံရသူ တစ်ဦးမှ ပြောသည်။

ထိုသို့ စစ်ကောင်စီနှင့် PNOဘက်မှ ရှောင်တခင် စစ်ဆေး၊ ဖမ်းဆီးခြင်းများကြောင့် တော်လှန်ရေးနှင့် ပတ်သက်သော ဆိုရှယ်မီဒီယာမှ ပို့စ်များနှင့် ပုံများကို ဖုန်းထဲတွင် ဖျက်ထားကြရန်၊ အပြင် သွားသည့်အခါတွင်လည်း ဖုန်းစစ်ခြင်းများ ရှိနေသဖြင့် သတိထားကြရန် လိုကြောင်း ပြောသည်။

"သူတို့လည်း သတင်းရတယ် ထင်ပါတယ်။ လာစစ်ပြီဆိုရင် တစ်ရပ်ကွက်လုံး မစစ်ဘဲ တစ်အိမ်ထဲ၊ တစ်နေရာထဲကို ဧည့်စာရင်းစစ်မယ် ပြောပြီး ရောက်လာတယ်။ ပြီးရင် လူမသိသူမသိ ဖမ်းခံလိုက်ရတာပေါ့။ ဖုန်းစစ်တဲ့အခါမှာလည်း ပုံတွေ၊ ဆိုရှယ်မီဒီယာ အပလီကေးရှင်းတွေထဲမှာ ဘာပို့စ်တွေတင်လဲ၊ ဘယ်သူတွေနဲ့ ပြောထားလဲ၊  ဖုန်းအဝင်အထွက်ကောတွေ၊ မက်ဆေ့ချ်တွေ စစ်တယ်။ ဒါလေးတွေ သတိထားပြီး ဂရုစိုက်ဖို့လိုပါတယ်" ဟု အဆိုပါ အမျိုးသားမှ ဆက်ပြောသည်။

ကရင်နီပြည်မှ စစ်ရှောင်များ သာမက သျှမ်းတောင်ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့၀င် မိသားစုများကိုပါ တော်လှန်ရေး အားပေးထောက်ပံ့သူများ အနေဖြင့် ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေကြောင်း ထပ်မံသိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ဒီဇင်ဘာအထိ  စစ်ကောင်စီ၏ လိုက်လံဖမ်းစီးမှုကြောင့် ဖမ်းဆီးခံရသည့် သူများဦးရေ စုစုပေါင်း (၂၅၆၉၀) ရှိပြီး ရှမ်းပြည်နယ်အတွင်းမှာ စစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းမှုခံရသူ စုစုပေါင်း တစ်ထောင်ကျော် နီးပါးထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါသည်။

ထို့အပြင် သျှမ်းတောင် ဒေသအချို့တွင် တိုက်ပွဲဖြစ်ပွားရာ ဒေသများမှ တိမ်းရှောင်ရသူများကို နေထိုင်ရန် လက်ခံခြင်းမပြုဘဲ ဧည့်စာရင်းစစ်၊ ဖမ်းဆီးခြင်းများကြောင့် စစ်ရှောင်များအတွက် ပိုမိုအခက်အခဲဖြစ်ရပြီး စစ်ရှောင်စခန်း အများစုတွင်လည်း စစ်ရှောင်ဦးရေ အလွန်များပြားမှုကြောင့် နေရာထိုင်ခင်း မလုံလောက်မှုကို ကြုံတွေ့နေကြရသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...