ရက္ခိုင်တပ်တော်က ၂ရက်အတွင်း ပလက်၀ရှိ ချင်းလက်၀နှင့်ခမောင်းဝ စခန်းကုန်းအားတိုက်ခိုက်သိမ်းပိုက်

ရက္ခိုင်တပ်တော်က ၂ရက်အတွင်း ပလက်၀ရှိ ချင်းလက်၀နှင့်ခမောင်းဝ စခန်းကုန်းအားတိုက်ခိုက်သိမ်းပိုက်

ရက္ခိုင်တပ်တော် ( AA) က ၂ ရက်အတွင်း ပလက်၀ဒေသအတွင်းရှိ ချင်းလက်၀နှင့် ခမောင်းဝ စခန်းကုန်းတို့အား သိမ်းပိုက်လိုက်ပြီး  လက်နက် ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိသည်ဟု ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။

၎င်းစခန်းများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း၌ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ရန်သူ့ စခန်းကုန်းများ ထဲမှ ပလက်ဝမြို့နယ်၊ ခမောင်းဝ စခန်းကုန်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သကဲ့သို့ ယနေ့ ဇန်နဝါရီလ (၃) ရက်နေ့၌လည်း ချင်းလက်ဝစခန်းကုန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းဖော်ပြသည်။

ရန်သူ့အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆက်လက် ဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...